တာမွေမြို့နယ် ဓမ္မဒါနလမ်းတွင် ပေါ်တင်ကြီး ဓါးနဲ့ ဆင့်ဆင့်ပြီးထိုးမှုဖြစ်

ဧပြီ ၁၀ ရက်၊ ယနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် က ရပ်ကွက်၊ ဓမ္မဒါနလမ်းတွင် အမျိုးသား တစ်ဦးအား အခြားအမျိုးသားတစ်ဦးမှ ဓားဖြင့် ဆင့်ဆင့်ပြီးထိုကား ထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။ ယင်းသို့ ထွက်ပြေးသွားသူအား ရပ်ကွက်နေ ပြည်သူများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံ ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရှိရသည်။

ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူအား လိုက်လံ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးက “ဖြစ်တာက ဓမ္မဒါနလမ်းပါ။ ကျွန်တော်တို့က အဲ့လမ်းထိပ်မှာ ရှိနေတဲ့အချိန်ပါ။ အဲ့အချိန် လူတွေေ အ်ာသံကြားလို့ ကြည့်တော့ လူတစ်ဦးက နောက် တစ်ယောက်ကို ဓားနဲ့ထိုးနေတယ်။ အဲ့တော့ ကျွန်တော်လည်း နောက်ကနေ ဓားနဲ့ထိုးပြီး ထွက်ပြေးတဲ့ လူနောက်ကို ဝိုင်းလိုက်ကြတယ်။ လိုက်ရင်းနဲ့ ကျောက်မြောင်း ထဲရောက်တော့ ဓားနဲ့ထိုးတဲ့သူက ဩဘာလမ်း မရောက်ခင်မှာ ဆိုက်ကားငှား ထွက်သွားတယ်။ ဩဘာလမ်းထိပ်ရောက်တော့ ဆိုက်ကားသမားက ရပ်ပေးတယ်။ ပြီးတော့ တာမွေမြို့နယ်က နယ်ထိန်းနဲ့ ရဲတွေနဲ့တွေ့တယ်။ ရဲနဲ့ ကျွန်တော်တို့ ဝိုင်းဖမ်းတော့ မိသွားတယ်။ မိတဲ့ချိန်မှာ ဓားမရှိတော့ဘူး။ ထိုးခံရတဲ့သူက ဓမ္မဒါနလမ်းမှာ နေတယ်လို့ သိရတယ်” ဟု ပြောကြားသည်။

“ကျွန်တော်မြင်ရတာက လူ၂ ယောက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တယောက်က ဓားနဲ့ထိုးထိုးတယ်။ ဓားနဲ့ထိုးတဲ့သူက ထွက်ပြေးတယ်။ ပတ်ဝန်းကျင်က လိုက်ဖမ်းကြတယ်။ ဖြစ်ဖြစ်ချင်းပဲ သက်ဆိုင်ရာကို အကြောင်းကြားလိုက်ပါတယ်” ဟု အခင်းဖြစ်ပွားရာ ဓမ္မဒါနလမ်းနေသူ တစ်ဦးက ပြောကြားသည်။သေဆုံးမှုနှင့် ပတ်သတ်၍ သက်ဆိုင်ရာ တာမွေမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုဖွင့်ရန် ဆောင်ရွက်နေပြီး လူနာအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖြေကြားခဲ့သည်။