COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း (၁၀-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အ ားကစားဝန္ႀကီးဌာနသည္ ကမၻာ့နိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ့လ်က္ရွိ သည့္ COVID-19 ေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ေရာဂါရွာေဖြ၍ ထိေရာက္စြာ ကုသမႈေပးျခင္း၊ ေရာဂါပိုးေတြ႕ရွိသူမ်ားႏွင့္ ထိေတြ႕မႈရွိခဲ့သူမ်ားအား ရွာေဖြေဖာ္ထုတ္၍ အသြား အလာကန႔္သတ္ျခင္း၊ လိုအပ္ပါကေဆး႐ုံတက္ေရာက္ကုသမႈခံယူနိုင္ေစေရး ေဆာင္ရြက္ျခင္း၊ ျပည္ပနိုင္ငံမ်ားမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား သက္ဆိုင္ရာ ေဒသအာဏာပိုင္အဖြဲ႕မ်ား၊ အျခားဌာနဆိုင္ရာမ်ားႏွင့္ ခ်ိတ္ဆက္၍သတင္းရယူျခင္း၊ အသြားအလာ ကန႔္သတ္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း၊ COVID-19 ေရာဂါႏွင့္ပတ္သက္၍ ျပည္သူလူထုမွ သတင္းမွန္မ်ားရရွိနိုင္ေရး အတြက္ေန႔စဥ္ သတင္းထုတ္ျပန္ျခင္းလုပ္ငန္းမ်ားအား အရွိန္အဟုန္ ျမႇင့္ ေဆာင္ရြက္လ်က္ရွိပါသည္။

၂။ (၉-၄-၂၀၂၀)ရက္ေန႔၊ ညေန(၆)နာရီမွ (၁၀-၄-၂၀၂၀)ရက္ေန႔၊ ညေန(၆)နာရီအထိ ေစာင့္ၾကည့္ လူနာအသစ္ (၅၁) ဦး ရွိပါသည္။

၃။ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈခံရသူမ်ား၏ ဓာတ္ခြဲအေျဖမ်ားရရွိပါက ဆက္လက္သတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။

၄။ သို႔ျဖစ္ပါ၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ေဆး႐ုံမ်ားတြင္ လက္ရွိတြင္ သီးျခားထားရွိ ကုသမႈခံယူေနေသာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားမွာ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ေဆး႐ုံတြင္ (၂)ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၁၄) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ လားရွိုးျပည္သူ႔ေဆး႐ုံႀကီးတြင္ (၁) ဦး၊ ေျမာက္ဥကၠလာပအေထြေထြ ေရာဂါကုေဆး႐ုံ ႀကီး မွ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ လႊဲေျပာင္းသည့္ လူနာ (၁) ဦး၊ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးမွ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ လႊဲေျပာင္းသည့္ လူနာ (၂) ဦး၊ မြန္ျပည္နယ္၊ က်ိဳက္မေရာျပည္သူ႔ ေဆး႐ုံမွ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းသည့္ လူနာ (၁) ဦး၊ စုစုေပါင္း (၂၁)ဦးတို႔ျဖစ္ၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၁) ဦးအား အထူးၾကပ္မတ္ကုသခန္း၌ သီးျခားထားရွိ ေဆးကုသမႈေပးလ်က္ရွိပါသည္။

၅။ ယခုအခါ (၂၃-၃-၂၀၂၀)ရက္ေန႔မွ (၁၀-၄-၂၀၂၀)ရက္ေန႔အထိ ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၂၇)ဦး ေတြ႕ရွိလာရၿပီျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ ျပည္သူမ်ား အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရး ပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္ရြက္ျခင္းျဖင့္ မိမိသာမက မိမိ၏ မိသားစု ႏွင့္ပတ္ဝန္းက်င္မွ လူမ်ားအတြက္ပါ ေရာဂါကူးစက္မႈမရွိေစေရး ပူးေပါင္းေဆာင္ရြက္ေပးနိုင္ၾက ပါရန္ ႏွိုးေဆာ္အပ္ပါသည္။

Ministry of Health and Sports, Myanmar

Unicode

၁။ ကျန်းမာရေးနှင့်အ ားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွား အလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၉-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၁၀-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့် လူနာအသစ် (၅၁) ဦး ရှိပါသည်။

၃။ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခံရသူများ၏ ဓာတ်ခွဲအဖြေများရရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံများတွင် လက်ရှိတွင် သီးခြားထားရှိ ကုသမှုခံယူနေသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၄) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုဆေးရုံ ကြီး မှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၂) ဦး၊ မွန်ပြည်နယ်၊ ကျိုက်မရောပြည်သူ့ ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ စုစုပေါင်း (၂၁)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ကုသခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၅။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၀-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၇)ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစု နှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြ ပါရန် နှိုးဆော်အပ်ပါသည်။

Ministry of Health and Sports, Myanmar