Covid 19 ရောဂါတွေ့ရှိသည့် လူနာ အမှတ်(၂၅) တည်းခိုခဲ့သည့် မြို့မြို့ရှိ  ဟိုတယ်နှင့် မင်္ဂလာဆောင် ကျင်းပခဲ့သည့် အိမ်တို့အားLock down များ ပြုလုပ်ထား

(Covid 19) ရောဂါတွေ့ ရှိသူ လူနာ အမှတ်(၂၅) တည်းခိုခဲ့ သည့် မြိတ်မြို့ ၊ အိမ်တော်ဖြူ ဟိုတယ် နှင့် မင်္ဂလာဆောင် နေအိမ် ကို လော့ဒေါင်းပြုလုပ် ထား ကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ လွင်လွင်မွ နေ့ ကပြောသည်။

“သူဌေး မို့ ကျွန်မတို့ က သတင်း ထိန်ချန်တယ် လို့လဲပြောကြတယ် ။ လုံးဝမဟုတ်ပါဘူး ။ သူမြိတ်ရောက် တုန်းက အပြင်တောင် ထွက်မလည်ပါဘူး။ ကော်ဖီတစ်ခါထွက်သောက်တယ်။ ထမင်းတစ်ခါ ထွက်စားတယ်။ မင်္ဂလာပွဲတက်တယ် ဒီလောက်ပဲ။ သူဘယ်လောက်ကြောက်တယ် ဆိုတာ ဟိုတယ်ကအိပ်ယာတွေမသုံးဘူး။ အိပ်ယာကအစ သူယူလာတယ်။ မလာမဖြစ် မင်္ဂလာပွဲမို့လာတာဖြစ်တယ်။ အခု မင်္ဂလာဆောင်တဲ့အိမ်လဲ ကြည်ကြည်ဖြူဖြူနဲ့ လော့ဒေါင်းပေးပါတယ်” ဟု ဒေါက်တာလွင်လွင်မွန်ကပြောသည်။

အဆို ပါ လူနာ အမှတ်(၂၅ )သည် ယခုနှစ် မတ် (၂၃) ရက်တွင် ရန်ကုန်-မြိတ် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် မြိတ်မြို့သို့ ရောက်ရှိခဲ့ပြီး မတ် ၂၅ ရက်တွင် ကိုယ်ပိုင် ကားဖြင့် ရန်ကုန်သို့ပြန်သွားခဲ့ကြောင်း သိရသည်။”ကျွန်မတို့လည်း ကြားတာနဲ့ အဖွဲ့အစည်းတွေနဲ့ ချက်ခြင်းဆောင်ရွက်တယ်”ဟု ခရိုင်ပြည် သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာလွင်လွင်မွန်ကပြောသည်။လူနာအမှတ် (၂၅) တည်းခိုခဲ့သည့် အိမ်တော်ဖြူဟိုတယ်မှ ဝန်ထမ်းများအား အိမ်တော်ဖြူဟိုတယ်တွင် Quarantine ထားရှိမည်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်း မိသားစုများအား မြိတ်တက္ကသိုလ်ပုလဲရာဇာအဆောင်တွင် Quarantine ထားရှိမည်ဟုသိရသည်။

ဓာတ်ခွဲ အတည်ပြုလူနာ (အမှတ်-၂၅) သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၅၅)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းမှာ ပြည်ပ နိုင်ငံများသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇ ဝင် မရှိခဲ့ကြောင်း၊ သို့သော် ဧပြီ ၂ ရက်မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် ဧပြီ ၉ ရက်တွင် ရန်ကုန်ပြည် သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှု‌ပေးခဲ့ကြောင်း၊ လူနာထံမှ ဓာတ်ခွဲနမူနာရ ယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပြီးအဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက်ပိုင်း တွင် သတင်းထုတ်ပြန်ထားသည်။

crd:The standard Time