covid-19ကြောင့် ကျိုက်ထီးရိုးဘုရားပွဲကို ပိတ်သိမ်းကာ တောင်ပေါ်နေသူများကို ဖယ်ရှားခိုင်းထားသော်လည်း လိုက်နာမှုမရှိ၍ လျှပ်စစ်မီးများ ဖြတ်တောက်

COVID-19 ကြောင့် ကျိုက်ထီးရိုးတောင် ပိတ်လိုက်သည့်အတွက် နယ်လုံဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် လျှပ်စစ်မီးဖြတ်တောက်ခဲ့ကြောင်း၊ တောင်ပေါ်တွင် လက်ရှိနေထိုင်သူ များမှာ ကျူးကျော် များဖြစ်ပြီး တရားဝင် ခွင့်ပြုထားသည့် အိမ်လုံးဝမရှိကြောင်း၊ ဈေးဆိုင်များကိုသာ တ ရားဝင်ခွင့်ပြုထားကြောင်း ဂေါပကအဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်ကပြောသည်။

လူမနေတဲ့အရပ်တွေ ဖြစ်တဲ့အတွက် တရားဝင်ဆိုင်တွေမှာ လူမရှိဘူး အဲဒါကြောင့် မီးအန္တရာယ်ကြောင့် ကျွန်တော်တို့ မီးဖြတ်ရတာ” ဟု ၎င်းကပြောသည်။ ကျိုက်ထီးရိုးတောင်ပေါ်တွင် တရားဝင်ခွင့်ပြုထားသည့် လေလံပြင်ပနှင့် လေလံ‌ဈေးဆိုင် ၈၀၀ ခန့်ရှိပြီး ဆိုင်များ အားလုံးပိတ်ထားကြောင်း သိရသည်။

တောင်ပိတ်သည့်နေ့မှစ၍ တောင်တက်ယာဉ်များ ပြေးဆွဲခွင့်မပြုသော်လည်း ကျန်းမာရေးစစ်ဆေးပြီး ဘုရားဖူးများကို ခြေလျင်တော င်တက်လမ်းမှ တက်ခွင့်ပြုသည်ဟု ဂေါပကထံမှ သိရသည်။ ကျိုက်ထီးရိုးဘုရားပွဲကို ပိတ်သိမ်းကာ တောင်ပေါ်နေသူများကို ဖယ်ရှား ခိုင်းထားသော်လည်း ဖယ်ရှားခြင်းမရှိ၍ဟုဆိုကာ လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ကြောင်း အပိုင်ရာအိမ်မှူးက ပြောသည်။

ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်မီးများကို ဧပြီ ၈ ရက် နံနက်ပိုင်းတွင် စတင်ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး ဘုရားပွဲပိတ်ပြီးနောက် ကျန်ရှိနေသည့် လူနေအိမ်အားလုံး (လူဦးရေ ၁၆၀၀ ခန့်) ကိုမီးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရာအိမ်မှူးဦးကျော်မင်းဦး ကပြောသည်။ နယ် လုံဝန်ကြီးကနေပြောလို့ သူတို့လုပ်တာပေါ့။ ကျန်တဲ့အကြောင်းပြချက်ကို ဘာမှမပေးဘူး” ဟု၎င်းကဆိုသည်။

လက်ရှိဖယ်ရှားခံရသူများမှာ တောင်ပေါ်တွင် ဆယ်စုနှစ်ကြာ နေထိုင်ခဲ့သူများဖြစ်ပြီး တစ်နှစ်ပတ်လုံး နေထိုင်ကြကြောင်း၊ ဘုရားပွဲကာလ တွင် ဈေးရောင်းပြီး ဘုရားပွဲပိတ်ချိန်၌ တောထဲတွင် သစ်ဥသစ်ဖုရှာဖွေကာ ဝမ်းစာရှာကြသည်ဟု ကျိုက်ထိုမြို့ဆိပ်ဖူးတောင်ပရဟိတ ဘက ကျောင်းဆရာတော် ဦးဇောတိက ကမိန့်သည်။

စောစောတုန်းက ဘယ်လိုလက်ခံထားသလဲဆိုတာ ပြန်စဉ်းစားဖို့သင့်တာပေါ့” ဟုဆရာတော်ကမိန့်သည်။ ကျိုက်ထီးရိုးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ၇ လတိုင်တိုင် ကျင်းပလေ့ရှိသည်။အခုလုံးဝကျန်ခဲ့တဲ့ လူတွေကတော့ အောက်မှာအိုး အိမ်မရှိဘူး ဒီပေါ်မှာပဲနေခဲ့တာ နှစ်ပေါင်းများစွာ တော်တော်ကြာခဲ့ပြီ အခုလိုမျိုးပြဿနာ တစ်ခါမှမဖြစ်ဖူးဘူး” ဟု ၎င်းကပြောသည်။

REF: KUMUDRA