လျှပ်စစ်မီးခုံ မှ ဝါယာကြိုးရှော့ခ်ဖြစ်ပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ် အထောင်မြို့ တွင် ဂိုဒေါင် မီးလောင်မှုဖြစ် ပွား

ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော် မြို့နယ်၊ အထောင် မြို့၊အမှတ်(၁) ရပ်ကွက် တောကျောင်း ကျေးရွာတွင် ယမန်နေ့ည ၉ နာရီက လျှပ်စစ်မီး ခုံမှဝါ ယာ ရှော့ခ် ဖြစ်ပြီး ကြိတ်ဖတ်အလုံးများသိုလှောင်ထားသည့် ဂိုဒေါင်မီးလောင်မှုဖြစ်ပွားကြောင်း ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

ဧပြီ (၁၀) ရက်ည (၉) နာရီ တွင် တောကျောင်း ကျေးရွာ၌ မီးလောင်နေကြောင်း သတင်းအရ နယ်မြေ စခန်းမှူး အထောင် မြို့မှ ရဲအုပ်အောင် ကျော်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ အထောင်မြို့အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား(၂)စီးနှင့် မီးသတ်တပ်စုမှူး ဦးစိုးနိုင် ဦးစီးသည့်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် နေပြည်သူ(၂၀၀)ဦး ခန့်တို့က မီးလောင်ရာနေရာသို့ရောက်ရှိ မီးငြှိမ်းသတ်ခဲ့သည်။

ထို့အတူကျုံပျော် မြို့နယ်၊ ရှားခဲကျေးရွာအုပ်စုမှ မီးသတ်လက်ထောက် ဦးစီးမှူးဦးအောင်စိုးမင်း ဦးစီးသည့် မီးသတ်ကား (၂)စီး ၊ သောင်ကြီးကျေးရွာအုပ်စုမှ အရန်မီးသတ်တပ် စုမှူး ဦးသိန်းကြိုင် ဦးစီးတပ်ဖွဲ့ဝင်တို့က မီးသတ်ကား(၂)စီး ၊ ကျုံပျော်မြို့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဦးစီးသည့် မီးသတ်ကား (၃)စီးတို့ကလည်း မီးလောင်ရာနေရာသို့ အသီးသီးရောက်ရှိခဲ့ပြီး မီးသတ်ကား(၅) စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည၉နာရီမိနစ် ၅၀ တွင် မီး

ညွှန့်ကျိုး ၍ ည၁၀နာရီမိနစ်၃၀တွင် မီးငြိမ်းခဲ့သည်။အဆိုပါမီးလောင်မှူမှာ တောကျောင်းကျေးရွာနေ ဦးစိုးဝင်း၏ နေအိမ်နောက်ဘက်ကပ်လျက်ရှိ ၎င်းပိုင် ကြိတ် ဖတ် အလုံးများ သိုလှောင်ထားရာ ဂိုဒေါင်အတွင်းရှိ လျှပ်စစ်မီးခုံမှ ဝါယာကြိုးရှော့ခ်ဖြစ်ပြီး ဂိုဒေါင်အတွင်းရှိ ကြိတ်ဖတ်များ မီးစတင်လောင်ကျွမ်း ခဲ့ ခြင်း ဖြစ်သည်။

မီးလောင် မှူကြောင့် အလျား(၃၀)ပေ၊ အနံ (၁၅)ပေရှိ ကာလတန်ဖိုး(၂၀၂၅၀၀၀)ကျပ်ခန့်နှင့် အလျား(၂၀)ပေ၊ အနံ(၁၀)ပေရှိ ကာလတန်ဖိုး (၉၀၀၀၀၀)ကျပ် ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။သွပ်မိုး၊ သစ်တိုင်၊ သံဇကာ၊ အုတ်ခင်း ဂိုဒေါင်(၂)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူတိရစ္ဆာန်နှင့် အစိုးရအဆောက် အဦ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ မင်းကိုကိုစိုးအား(ပ)၇၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အထောင်နယ်မြေရဲစခန်းတွင် အမှုဖွင့် ထားသည်။

crd:The myanmar Time