ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ဥပေဒခ်ဳိးေဖာက္ တဲ့ တရားေဟာဆရာ အပါအ၀င္ ( ၄) ဦးကို အမႈဖြင္႔အေရးယူ..ပုိးေတြ႔ ( ၁၀ ) ေနရာ ကုိ တၿပဳိင္နက္ ေလာ့ေဒါင္းခ်

COVID-၁၉ ေရာဂါ ထိန္းခ်ဳပ္ေရး အေရးေပၚ တုံ႕ျပန္ေရး လုပ္ငန္းေတြ နဲ႕ ပတ္သက္ၿပီး ထုတ္ျပန္ ခဲ့တဲ့ ၫႊန္ၾကားခ်က္ေတြ ကို လိုက္နာရန္ ပ်က္ကြက္ခဲ့တဲ့ အတြက္ သင္းအုပ္ဆရာနဲ႕ တရားေဟာ ဆရာ အပါအဝင္ ၄ ဦး ကို အင္းစိန္ နဲ႕ မရမ္းကုန္းၿမိဳ႕မ ရဲစခန္း တို႔မွာ အမႈဖြင့္အေရး ယူထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ရဲ႕ ေဖ့စ္ဘြတ္စာ မ်က္ႏွာ က ဒီကေန႕ ဧၿပီ ၁၄ ရက္ ေန႕စြဲ နဲ႕ ထုတ္ျပန္ခ်က္ မွာ ေဖာ္ျပထား ပါ တယ္ ။

က်န္းမာေရး နဲ႕ အားကစားဝန္ႀကီးဌာန နဲ႕ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထား တဲ့ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရး ၫႊန္ၾကားခ်က္ေတြကိုလိုက္နာဖို႔ ပ်က္ကြက္ခဲ့တဲ့ သင္းအုပ္ ဆရာ၊ အမႈေတာ္ေဆာင္ တို႔ကို ေရာဂါျဖစ္ပြားေစနိုင္ တဲ့ လူစုလူေဝးျပဳလုပ္ ခဲ့တဲ့ အေပၚ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရ အင္းစိန္ၿမိဳ႕မ ရဲစခန္း မွာ ပ နံပါတ္ ၇၀၆/၂၀၂၀/၂၀၁၃ နဲ႕ အမႈဖြင့္ထားတယ္ လို႔ ဆို ပါတယ္ ။

ဒါ့အျပင္ တရားေဟာဆရာ နဲ႕ ေတးသံသြင္း ပိုင္ရွင္ ၁ ဦးတို႔ ကိုလည္း အဲဒီလို လူစုလူေဝးျပဳ လုပ္ခဲ့မႈ နဲ႕ မရမ္းကုန္းရဲစခန္း မွာ ပနံပါတ္ ၅၈၃/၂၀၂၀ နဲ႕ အမႈဖြင့္ထားေၾကာင္း အမ်ားျပည္သူကို အသိေပးထုတ္ျပန္ အပ္တယ္ လို႔ေၾကညာခ်က္ က ေဖာ္ျပထား ပါတယ္ ။အဲဒီ တရားေဟာဆရာ ဟာ လူမႈကြန္ရက္ မွာ ပ်ံ့နံွ႕ေနတဲ့ နာမည္ႀကီး တရားေဟာ ဆရာလည္း ျဖစ္ ပါတယ္္ ။

လက္ရွိမွာေတာ့ ႏိုင္ငံ့အႀကီးအကဲေတြရဲ႕ က်န္းမာေရးအတြက္ ေနအိမ္အဝင္အထြက္ေတြ၊ေတြ႕ဆုံမႈေတြကို က်န္းမာေရးGuideline ေတြနဲ႔အညီ အထူးၾကပ္မတ္ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။

Unicode

ပိုးတွေ့ ( ၁၀ ) နေရာ ကို တပြိုင်နက် လော့ဒေါင်းချ ၊ တရားဟောဆရာ ဒေးဗစ်လား ကို အမှုဖွင့် အရေးယူထား

COVID-၁၉ ရောဂါ ထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး ထုတ်ပြန် ခဲ့တဲ့ ညွှန်ကြားချက်တွေ ကို လိုက်နာရန် ပျက်ကွက်ခဲ့တဲ့ အတွက် သင်းအုပ်ဆရာနဲ့ တရားဟော ဆရာ အပါအဝင် ၄ ဦး ကို အင်းစိန် နဲ့ မရမ်းကုန်းမြို့မ ရဲစခန်း တို့မှာ အမှုဖွင့်အရေး ယူထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာ က ဒီကနေ့ ဧပြီ ၁၄ ရက် နေ့စွဲ နဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထား ပါ တယ် ။

ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထား တဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ညွှန်ကြားချက်တွေကိုလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ သင်းအုပ် ဆရာ၊ အမှုတော်ဆောင် တို့ကို ရောဂါဖြစ်ပွားစေနိုင် တဲ့ လူစုလူဝေးပြုလုပ် ခဲ့တဲ့ အပေါ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မ ရဲစခန်း မှာ ပ နံပါတ် ၇၀၆/၂၀၂၀/၂၀၁၃ နဲ့ အမှုဖွင့်ထားတယ် လို့ ဆို ပါတယ် ။

ဒါ့အပြင် တရားဟောဆရာ နဲ့ တေးသံသွင်း ပိုင်ရှင် ၁ ဦးတို့ ကိုလည်း အဲဒီလို လူစုလူဝေးပြု လုပ်ခဲ့မှု နဲ့ မရမ်းကုန်းရဲစခန်း မှာ ပနံပါတ် ၅၈၃/၂၀၂၀ နဲ့ အမှုဖွင့်ထားကြောင်း အများပြည်သူကို အသိပေးထုတ်ပြန် အပ်တယ် လို့ကြေညာချက် က ဖော်ပြထား ပါတယ် ။အဲဒီ တရားဟောဆရာ ဟာ လူမှုကွန်ရက် မှာ ပျံ့နံှ့နေတဲ့ နာမည်ကြီး တရားဟော ဆရာလည်း ဖြစ် ပါတယ် ။

လက်ရှိမှာတော့ နိုင်ငံ့အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ၊တွေ့ဆုံမှုတွေကို ကျန်းမာရေးGuideline တွေနဲ့အညီ အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။