“COVID-19 တိုက္ပြဲဝင္ က်န္းမာေရး ဝန္ထမ္းမ်ားကို ယေန႔ည (၈) နာရီတြင္ လက္ခုပ္တီး ဂုဏ္ျပဳမည္”

ရန္ကုန္ – ကမၻာ့ကပ္ေရာဂါ COVID-19 ကူးစက္ပ်ံ႕ႏွံ့မႈ ကာကြယ္ေရးလုပ္ငန္းမ်ားကို ေရွ႕တန္းမွ တက္ႂကြစြာလုပ္ေဆာင္ေနၾကသည့္ က်န္းမာေရး ဝန္ထမ္းမ်ားကို လက္ခုပ္တီး ဂုဏ္ျပဳသည့္ကမ္ပိန္းတစ္ခုကို ယေန႔(ဧၿပီ၁၆ရက္)ည ၈ နာရီတိတိတြင္ ျပဳလုပ္ရန္ လႈံ႔ေဆာ္ေနသည္။

ထိုသို႔ဂုဏ္ျပဳသည့္ ကမ္ပိန္းကို Cheer4frontliners Campaign – Myanmar အမည္ျဖင့္ လူမႈကြန္ရက္က ပူးေပါင္းပါဝင္ရန္ လႈံ႔ေဆာ္ေနျခင္းျဖစ္သည္။

“ ကၽြန္ေတာ္တို႔အားလုံး ေရွ႕တန္းကေနတိုက္ပြဲဝင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ကူညီသူမ်ားအားလုံးကို ဂုဏ္ျပဳတဲ့အေနျဖင့္ Cheer4frontliners Campaign ကိုပါဝင္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။ည ဧၿပီလ ၁၆ရက္ေန႔ ည၈နာရီတိတိမွာ သင့္အိမ္ဝရံတာ၊ ျပတင္းေပါက္ကေန လက္ခုပ္တီးၿပီးေသာ္လည္းေကာင္း၊ တခုခုအသံျပဳၿပီးေသာ္လည္းေကာင္း တစ္ညီတစ္ညႊတ္တည္းဂုဏ္ျပဳၾကရေအာင္ေနာ္”ဟု Cheer4frontliners Campaign – Myanmar ကေရးသားထားသည္။

ref:7day daily

Unicode

ရန်ကုန် – ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ တက်ကြွစွာလုပ်ဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများကို လက်ခုပ်တီး ဂုဏ်ပြုသည့်ကမ်ပိန်းတစ်ခုကို ယနေ့(ဧပြီ၁၆ရက်)ည ၈ နာရီတိတိတွင် ပြုလုပ်ရန် လှုံ့ဆော်နေသည်။

ထိုသို့ဂုဏ်ပြုသည့် ကမ်ပိန်းကို Cheer4frontliners Campaign – Myanmar အမည်ဖြင့် လူမှုကွန်ရက်က ပူးပေါင်းပါဝင်ရန် လှုံ့ဆော်နေခြင်းဖြစ်သည်။

“ ကျွန်တော်တို့အားလုံး ရှေ့တန်းကနေတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများနှင့်ကူညီသူများအားလုံးကို ဂုဏ်ပြုတဲ့အနေဖြင့် Cheer4frontliners Campaign ကိုပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ည ဧပြီလ ၁၆ရက်နေ့ ည၈နာရီတိတိမှာ သင့်အိမ်ဝရံတာ၊ ပြတင်းပေါက်ကနေ လက်ခုပ်တီးပြီးသော်လည်းကောင်း၊ တခုခုအသံပြုပြီးသော်လည်းကောင်း တစ်ညီတစ်ညွှတ်တည်းဂုဏ်ပြုကြရအောင်နော်”ဟု Cheer4frontliners Campaign – Myanmar ကရေးသားထားသည်။