လူမှုကွန်ရက်ပေါ်တွင် တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ရှိသူများ တွေ့ရှိနေပြီဖြစ်ကြောင်း  သတင်းအမှားတင်ခဲ့သူအား အမှုဖွင့်အ ရေးယူ

တနင်္သာရီ တိုင်းဒေသကြီးအတွင်း (COVID-19) ရောဂါပိုး ကူးစက်သူများ ရှိနေပြီ ဖြစ်ကြောင်း လူမှုကွန် ရက်တွင် သတင်းအမှား တင်ခဲ့ သူအား အမှုဖွင့်အ ရေးယူထားကြောင်း သိရသည်။မြိတ်မြို့ ကန်ကြီးနယ်မြေ ကန်ကြီးရပ်ကွက် ဘုရားကြီးလမ်းတွင် နေထိုင်သည့် ကျော်ကျော်ခန့် (ခ) ဖိုးဝ (၂၇) နှစ် ဆိုသူမှာ ဧပြီ ၁၆ ရက်က Myeik Mission Facebook Account ကို အသုံးပြုပြီး မြိတ်၊ ထားဝယ်နှင့် ကော့သောင်း မြို့များတွင် COVID-19 Positive လူနာများ ရှိနေကြောင်း၊ မြိတ်မြို့ပြည်သူ့ ဆေးရုံကြီးတွင် တစ်ဦးရှိနေကြောင်း ရေးသားဖြန့်ဝေ မှုကြောင့် မြို့နေလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆို ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိ သူများက လိုက်လံစုံစမ်းရာ Myeik Mission Account အား အသုံးပြုပြီး လူမှုကွန်ရက်တွင် တင် သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။မြိတ်မြို့တွင် COVID-19 နှင့်ပတ်သက်ပြီး သတင်းအမှားများတင်သည့် အကောင့်များရှိနေပြီး အ ရေး ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

“Facebook ပေါ် မှာ တစ်ချို့ကျ တော့ တရားဝင် သတင်း ထုတ်ပြန်တာ ရှိပေမယ့် တစ်ချို့ ကလည်း သတင်း အမှားတွေ၊ ပြည်သူ လူထု စိုးရိမ် ထိတ်လန့်စေတဲ့ သတင်း အမှားတွေ တင်တာတွေ့နေရတယ် ၊ ကျွန်တော် တို့လည်း ဒေသန္တရ အမိန့် ထုတ်ပြန်ထားတာရှိတယ်၊ တိုင်းဒေသကြီး အစိုးရ ကလည်း ပန်ကြား ထားတာရှိတယ်၊ ပြည်သူလူထု အထိတ် တလန့် ဖြစ်စေမယ့် သတင်းတွေ မတင်ဖို့ ပြောထား တယ်၊ ဒီအချိန် မှာ အားလုံးက ကပ်ရောဂါ ကြီးကို တစ် ကမ္ဘာလုံး တွန်းလှန် နေရတဲ့ အချိန်မှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် ပူးပေါင်းစေ လိုပါ တယ်၊ အဖျက်အမှောင့် စိတ်ဓာတ်မျိုးနှင့် ဒီလိုမျိုးပို့စ် တင်တာမျိုး မလုပ်စေချင်ပါတယ်၊ တစ်ကယ်လို့ တင်ခဲ့တယ်ဆိုရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောကြားခဲ့သည်။

လူမှုကွန် ရက်တွင် သတင်း အမှားများ ဖြန့်ဝေခဲ့သည့် (Account) ပိုင်ရှင်အား အရေးယူပေးရန် ကန်ကြီး နယ်မြေ အုပ်ချုပ် ရေးမှူး ဦးစိုးမိုးနိုင် မှ တရား လိုပြုလုပ် တိုင်တန်း လာသည့်အတွက် မြိတ် မြို့မရဲစခန်းမှ (ပ) ၇၂၈/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

crd:Eleven media