COVID-19 ဆေးသုတေသန ကုမ္ပဏီကွန်ရက်များကို နိုင်ငံရပ်ခြား အစိုးရဟက်ကာများ ဖောက်ထွင်းဟု အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး FBI ပြော

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကုသဆေးဖော်ထုတ်နိုင်ရေး သုတေသနလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ အင်တာနက် ကွန်ရက်တွေကို နိုင်ငံရပ်ခြားအစိုးရ ဟက်ကာတွေက ဝင်ရောက်ဖောက်ထွင်းနေတယ်လို့ အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ဧပြီ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

FBI ရဲ့ အင်တာနက်လုံခြုံရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး မစ္စ တွန်ညာ ယူဂေါ်ရတ်ဇ်က သူတို့ဟာ မကြာမီက အစိုးရတွေက ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေကို တွေ့ရှိခဲ့ရပြီး ဒီဟတ်ကာတွေဟာ အမေရိကန်ပြည်တွင်း ဆေးသုတေသန အဖွဲ့တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကို ဝင်ရောက်ထိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စယူဂေါ်ရတ်ဇ်က ပြည်ပကဟက်ကာတွေဟာ အမေရိကန်ပြည်တွင်း ဆေးဝါး ထုတ်လုပ်ရေးလောကက ကုမ္ပဏီတွေကို ပစ်မှတ်ထားနေပြီး အထူးသဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကုသရေးအတွက် ဆေးသုတေသနလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဝင်ရောက်ထိုးဖောက်နေ တာလို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဟတ်ကာ တွေ ဝင်ရောက်ထိုးဖောက်နေတယ်ဆိုတာကိုတော့ မစ္စယူဂေါ်ရတ်ဇ်က ထုတ်ဖော်ခြင်းမရှိဘူးလို့ ရိုက်တာသတင်းက ရေးသားပါတယ်။ ကဲ လက်ခတ်သံရဲ့ စာဖတ်ပရိသတ်ကြီးကော ဘယ်နိုင်ငံက နေ Hack နေပြီး ဘယ်သူ့လက်ချက်လို့ထင်ကြပါသလည်း။ Comment တွေ ပေးသွားကြည့်ပါအုံး စာဖတ်သူတို့ရဲ့ ထင်မြင်ချက် တူမတူ ဘယ်လိုရှိတယ်ဆိုတာ သိရှိရ အောင်ဖြစ်ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် နိုင်ငံပိုင်ကျောထောက်နောက်ခံပြု ဟက်ကာများ၏ကြိုးပမ်းမှုနှင့် အညီကော်ပိုရေးရှင်းဆိုင်ရာ လျှို့ဝှက်ချက်များနှင့် အခြားသုတေသနများကို ခိုးယူရန်ကြိုးပမ်းမှုနှင့်လည်း ကိုက်ညီမှုရှိတယ်လို့ CNN ရဲ့သတင်းဖော်ပြချက် အရသိရှိရပါသည်။

LKT