ရန်ကုန်မြို့ အတွင်းရှိ မြို့နယ်များတွင် ည(၁၀)နာရီမှ မနက်(၄) နာရီအထိ ညမထွက်ရ အမိန့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်

ရန်ကုန်မြို့ အတွင်းရှိ မြို့နယ် များတွင် ယနေ့ဧပြီလ (၁၈)ရက်နေ့မှ စတင်၍ည (၁၀)နာရီမှ မနက် (၄)နာရီအထိ ညမထွက်ရ အမိန့်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဧပြီလ၁၇ရက်ေ န့ ရက်စွဲဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကို အသိပေး ထုတ်ပြန်ကြေ ညာသည်။

ကိုဗစ်ရောဂါ တားဆီး ကာကွယ်ရေး အတွက် မိမိတို့မြို့နယ်အလိုက် အများပြည်သူများကို ညမထွက်ရ အမိန့်ထုတ် ပြန် ဆောင်ရွက် သွားရန် အသိပေးအကြောင်းကြားခြင်းလည်းဖြစ်သည်။“ဒါက ရန်ကုန်တစ်မြို့လုံးကို ကိုယ်စားပြုတယ်။ အဓိကကတော့ ကိုဗစ်ရောဂါ တာဆီးရေးအတွက်၊ ဒီရောဂါကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲလုံခြုံရေးဆိုင်ရာ ပြဿနာတွေလည်း ပါလာနိုင်တယ်။ဒါကြောင့် ထုတ်ပြန်တာဖြစ်တယ်။”ဟု ပန်ဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပက မြန်မာတိုင်းမ်သို့ အ တည် ပြုပြောကြားသည်။

ကိုဗစ်ရောဂါ ၏ နောက်ဆက် တွဲ ဇစ်မြစ်ကို ပြည်သူများ နားလည်နိုင်မည်ဖြစ်သောကြောင့် ညမထွက်ရအမိန့်ကို ပူးပေါင်းဆောင် ရွက်ပေး ရန် လိုအပ်ကြောင်း ဒေါ်စိုးပပက ဆက်လက်ပြောဆိုသည်။ကိုဗစ်ရောဂါ ကြောင့် အိမ်ပြင်မထွက်ရန် ရက်ကာလ ရှည်ကြာ စွာတို က်တွန်း မှုများရှိခဲ့ပြီး နောက်ဆက်တွဲ အခြေအနေများအရ ရာဇဝတ်အမှုများ ဆက်လက်ဖြစ်ပွားလာနိုင်ပြီး တရား ဥပဒေစိုးမိုးရေး အတွက်ယင်းသို့ အမိန့် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းနိုင်မြင့်က ဆိုသည်။

crd:The myanmar Time