လူနာအမွတ္ ၂၄ အင္းစိန္ ဘာသာေရးပြဲ မွ ေနာက္ဆက္တြဲ ကူးစက္သူ ၄၅ ဦးထိရွိလာၿပီး၊ တစ္ဦးေသဆုံး

လူနာအမွတ္ ၂၄ ကေန စတင္ကူးစက္မႈဟာ စုစုေပါင္း ၄၅ ဦးရွိၿပီျဖစ္ၿပီး အဲဒီအထဲမွာ ေသဆုံးသူက တစ္ဦး ရွိၿပီျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနရဲ့ အခ်က္အလက္ေတြအရသိရပါတယ္။

ျမန္မာနို္ငငံမွာ အစုအဖြဲ႕လိုက္ကူးစက္မႈအေရအတြက္ မ်ားတာေတြကို ျပည္သူ႔က်န္းမာေရးဦးစီးဌာန (CDC) က ခြဲျခားျပရာမွာ မိသားစုတြင္းကူးစက္မႈက မိသားစု ၆ စု ရွိၿပီး အဲဒီကေန ၁၄ ဦး ကူးစက္ထားတယ္လို႔ဆိုပါတယ္။ လုပ္ငန္းခြင္ကေနအစုအဖြဲ႕လိုက္ကူးစက္မႈကေတာ့ လုပ္ငန္းခြင္ ၃ ခုကေန ကူးစက္သူ ၉ ဦးရွိတယ္လို႔ ဆိုပါတယ္။ ဘာသာေရးအခမ္းအနားကေန အစုအဖြဲ႕လိုက္ကူးစက္မႈကေတာ့ ၄၅ ဦးအထိရွိတယ္လို႔ မေန႔ ဧၿပီ ၁၈ ည ကပိုင္းထိ အခ်က္အလက္ထုတ္ျပန္မႈမွာ ပါရွိပါတယ္။

အဲဒီအထဲကမွ လူနာအမွတ္ ၂၄ အပါအဝင္ကူးစက္မႈအစုအဖြဲ႕ကေန အနီးကပ္ထိေတြ႕တဲ့လူအေရအတြက္က ၂၇၄ ဦးရွိၿပီလို႔ CDC ရဲ့ အခ်က္လက္ေတြမွာ ျပထားပါတယ္။

ref:7 day TV

Unicode

လူနာအမှတ် ၂၄ ကနေ စတင်ကူးစက်မှုဟာ စုစုပေါင်း ၄၅ ဦးရှိပြီဖြစ်ပြီး အဲဒီအထဲမှာ သေဆုံးသူက တစ်ဦး ရှိပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရသိရပါတယ်။

မြန်မာနို်ငငံမှာ အစုအဖွဲ့လိုက်ကူးစက်မှုအရေအတွက် များတာတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန (CDC) က ခွဲခြားပြရာမှာ မိသားစုတွင်းကူးစက်မှုက မိသားစု ၆ စု ရှိပြီး အဲဒီကနေ ၁၄ ဦး ကူးစက်ထားတယ်လို့ဆိုပါတယ်။ လုပ်ငန်းခွင်ကနေအစုအဖွဲ့လိုက်ကူးစက်မှုကတော့ လုပ်ငန်းခွင် ၃ ခုကနေ ကူးစက်သူ ၉ ဦးရှိတယ်လို့ ဆိုပါတယ်။ ဘာသာရေးအခမ်းအနားကနေ အစုအဖွဲ့လိုက်ကူးစက်မှုကတော့ ၄၅ ဦးအထိရှိတယ်လို့ မနေ့ ဧပြီ ၁၈ ည ကပိုင်းထိ အချက်အလက်ထုတ်ပြန်မှုမှာ ပါရှိပါတယ်။

အဲဒီအထဲကမှ လူနာအမှတ် ၂၄ အပါအဝင်ကူးစက်မှုအစုအဖွဲ့ကနေ အနီးကပ်ထိတွေ့တဲ့လူအရေအတွက်က ၂၇၄ ဦးရှိပြီလို့ CDC ရဲ့ အချက်လက်တွေမှာ ပြထားပါတယ်။

ref:7 day TV