စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁)ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများကြောင့်  လူ(၁)ဦးသေဆုံး လူနေအိမ်များ ရာချီပျက်ဆီးဆုံးရှုံးခဲ့

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဧပြီ (၁၂)ရက် မှ စတင် ဖြစ်ပေါ်ခဲ့ သည့် လေပြင်း တိုက်ခြင်း ၊ မိုးကြိုး ပစ်ခြင်းနှင့် ငလျင် လှုပ်ခတ်ခြင်းတို့ ကြောင့် လူ(၁)ဦးသေဆုံးကာ လူနေ အိမ်ရာချီ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲ မှု ဦးစီးဌာန ရုံးမှ သိရသည်။

ကသာ မြို့၊ အင်းတော်မြို့၊ ထီးချိုင့် မြို့၊ ကောလင်း မြို့၊ ဝန်းသို မြို့၊ ပင်လည် ဘူးမြို့၊ ရေဦး မြို့၊ အရာတော် မြို့၊ ဖောင်းပြင် မြို့ ၊ မင်းကင်းမြို့ နှင့် ကလေး မြို့များ တွင် ဧပြီ (၁၂) ရက် မှ စတင် ဧပြီ (၁၈) ရက် အထိ သဘာဝဘေး အန္တရာယ် ဖြစ် ပွားမှု အနေဖြင့် လေပြင်း တိုက်ခတ်မှု (၄) ကြိမ် ၊ မိုးကြိုး ပစ်ခြင်း (၂) ကြိမ်နှင့် ငလျင်လှုပ် ခြင်း တစ် ကြိမ် ဖြစ်ပေါ် ခဲ့သည်။ယင်းဖြစ်စဉ်များအနက် မိုးကြိုး ပစ်ခြင်း ကြောင့် လူတစ်ဦးသေဆုံးပြီး လူတစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် ၅ လုံး ပြိုကျခြင်း စေတီတစ်ဆူ၏ စိန်ဖူးတော် မြေခခြင်းနှင့် လူနေ အလုံးရေ (၃၀၀) ကျော် အမိုးလန် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

“ရာသီ ဥတုကတော့ လေပြင်း ကျတဲ့ အချိန်လည်း ရောက် နေတယ်။ ကိုဗစ် – ၁၉ ကလည်း ရှိနေတော့ သဘာဝဘေးကြောင့် ထပ်ပြီး ဒုက္ခ မခံစားရ အောင် သတိလက်လွတ်မနေဖို့ ပြည်သူတွေအနေနဲ့ အာရုံစိုက်သင့်တယ်” ဟု စစ်ကိုင်းတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံး မှ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က ပြောသည်။အဆိုပါ ပျက်စီးခဲ့မှုများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ထောက်ပံ့ခဲ့ရမှုအနေဖြင့် ငွေကျပ်သိန်း (၁၈၀) ကျော်ရှိကြောင်း ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ် ဧပြီ (၁၄) ရက်မှ ဧပြီ ၁၉ ရက်အထိ စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၁၄)မြို့နယ်တွင် သဘာဝဘေး ဒဏ်ဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ အဆောက်အဦ အလုံးပေါင်း တစ်ထောင်ကျော် အမိုးလန် ပျက်စီး ခဲ့ပြီး လူနေအိမ် (၁၆) လုံး အမိုး လန် ပျက်စီးခဲ့သည်။

crd:The standard Time