ယခုလကုန် ဘင်္ဂလားပင်လယ်အော်တွင်  လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မည်ဟု မိုးလေဝသနှင့်ဇလဗေဒမှ ပြောကြား

ယခုလ ကုန် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး အားကောင်းလာ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။”ဧပြီလ(၃၀)ရက်နေ့လောက်မှာ ကပ္ပလီပင် လယ်ပြင်တောင်ပိုင်း နဲ့ ဆက်စပ်တဲ့ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ အားကောင်းလာနိုင်တဲ့ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။ မိုးလေဝသခန့်မှန်းရေးသင်္ချာပုံစံတွက်ချက်မှုတွေအရ ဆက်လက် အားကောင်းလာမယ့် အခြေအနေတွေ့နေရပါတယ်။ မုန်တိုင်း ငယ်စဖြစ် ပြီဆိုတာနဲ့ အင်အားနဲ့ရွေ့လျားမှုလမ်းကြောင်းကို မှန်ကန်မှု အနီးစပ်ဆုံး ခန့်မှန်းချက်တွေရရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ထူးခြား သည့် မိုးလေဝသ အခြေအနေများ ရှိပါက မိုးဇလဌာန က သတင်း များ၊ သတိပေးချက်များ  ဆက်တိုက် ထုတ်ပြန်ပေးသွားမည်ဟု ၎င်း ကပြောသည်။”ဧပြီလ(၂၆)ရက်နေ့ မနက်ပိုင်း မိုးလေဝသအခြေအနေတွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေထု အခြေအနေတည်ငြိမ်မှုရှိနေပြီး မြန်မာနိုင်ငံပေါ်မှာတော့ လေစုဆုံမှုတွေ အားကောင်းနေတာတွေ့ရပါတယ်။ မွန်းလွဲ၊ ညနေပိုင်း တွေ မှာ မိုးတိမ်တောင်တွေ ဖြစ်နိုင်ပါတယ်။ အခုရက်ပိုင်း ပင်လယ်ပြင် မိုးလေဝသအခြေအနေနဲ့ ဒေသအလိုက် နေ့စဉ်မိုးလေဝသ အခြေအ နေ၊ သတင်း၊ ခန့်မှန်းချက် များကို ကြို တင် သတိပြုစေချင် ပါတယ်” ဟု ဦးကျော်လွင်ဦး ကပြောသည်။

အားကောင်း သော မိုးတိမ်တောင် များကြောင့် နေရာကွက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆ င်နှာ မောင်း တိုက်ခတ်ခြင်း စသည့် အစွန်းရောက် မိုးလေဝသအခြေအနေများဖြစ်ပေါ်နိုင်သည်။ လာမည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ အနှံအပြား တွင် မိုးထစ်ချုန်းရွာသွန်းမှုများလည်း ဖြစ်ပေါ်နိုင်သည်။

ဧပြီလ (၂၇)ရက် နေ့မှ မေလ(၂)ရက် လောက်အထိ တစ်ပတ် အတွင်း ချင်းပြည် နယ်တွင် မိုးရေချိန် တစ်လက်မ မှ လေးလက်မခန့်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအထက် ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် မိုးရေ ချိန် တစ်လက်မ မှ သုံးလက်မခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဝ.၅ လက်မမှ နှစ်လက်မခန့်နဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဝ.၂၅ လက်မ မှ တစ်လက်မခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ဦးကျော်လွင်ဦးကပြောသည်။

crd:The myanmar Time