COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ ဆေးသုတေသနဦးစီးဌာန (DMR) မှ (၂၇-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၁၅) ခု၏ ဓာတ်ခွဲအဖြေများတွင် –

COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၂။ ယနေ့၊ (၂၇-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၆) ဦး ရှိပြီဖြစ်ပါသည်။

၃။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် –

ရောဂါပိုးကင်းစင်သူ (၁၆) ဦး ရှိပြီး ၎င်းတို့အနက် (၉) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၅)ဦးရှိပါသည်။

၎။ (၂၆-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၇-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၆)ဦး ရှိပါသည်။

Ministry of Health and Sports, Myanmar