သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ အခံရှိသည့်  (COVID 19) လူနာ အမှတ်(၁၁၀) သေဆုံး
သေဆုံးရ သည့် အကြောင်းအရင်း မှာ ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ် တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ အသက်ရှူ လမ်းကြောင်းအတွင်း ဘက်တီးရီးယား ပိုး ဝင်ရောက်ခြင်းနှင့် ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း တို့ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
crd:Eleven media
unicode
သွေးတိုး ရောဂါနှင့် အမျိုး အစား (၂) ဆီးချို ရောဂါ အခံရှိသူ အသက်် (၆၃) နှစ်် အရွယ် အမျိုးသား(Case-110) သေ ဆုံး ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ဧပြီ (၂၉) ရက်် မွန်းလွဲ (၁) နာရီ တွင် ထုတ်ပြန်် ခဲ့ သည််။ အဆိုပါ ထုတ်ပြန်ချက်တွင် ဧပြီ ၁၉ ရက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုခဲ့ပြီး ဧပြီ ၂၀ ရက်မှစ တင် ၍ တောင်ဥက္ကလာပ အထူးကုဆေးရုံ၌ တက်ရောက် ကုသမှုခံယူကာ ဧပြီ ၂၂ ရက်မှစ၍ အထူးကြပ်မတ် ကုသခံ ယူခဲ့ရ သည့် သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ အခံရှိသူ အသက် ၆၃ နှစ်အရွယ် အမျိုးသား (Case-110) သည် ဧပြီ (၂၉) ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။
သေဆုံးရ သည့် အကြောင်းအရင်း မှာ ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်် တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ အသက်ရှူ လမ်းကြောင်းအတွင်း ဘက်တီးရီးယား ပိုး ဝင်ရောက်ခြင်းနှင့် ရုတ်တရက်် ကျောက်ကပ်် ပျက်စီးခြင်း တို့ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ၌ ဧပြီ (၂၉) ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၅၀ ဦးတွေ့ရှိခဲ့ပြီး ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၁၆ ဦးရှိကာ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦး ရှိပြီဖြစ်သည််။
crd:Eleven media