COVID 19 လူနာအမှတ်(၁) ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးချက်တွင် ပိုးမရှိတော့ကြောင်း ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်

ချင်းပြည်နယ် ၊ တီးတိန် မြို့ ခုတင် (၁၀၀) ဆံ့ ဆေးရုံ၌ ကုသမှု ခံယူနေသည့် မြန်မာ နိုင်ငံ၏ ပထမဦးဆုံး (COVID 19) ဗိုင်းရပ်စ် ကူးစက် ခံရကြောင်း အတည်ပြု လူနာမှာ ယခု ဒုတိယ အကြိမ် ဓာတ်ခွဲစစ်ဆေးမှု ရလဒ်အဖြေအရ ပိုးမတွေ့ရှိကြောင်း သိရှိ ရပြီဟု ချင်းပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည် ။

“လူနာ နံပါတ် (၁) က ဒုတိယအ ကြိမ်စစ်ဆေးချက်အရ negative ဖြစ်ပါပြီ။ သူ့ကိုကုသပေးခဲ့တဲ့ ဆေးရုံအုပ်၊ သမား တော်ကြီး နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်” ချင်းပြည်နယ်၊ ပြည် သူ့ကျန်း မာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအောင်ငွေစံက မြန်မာတိုင်းမ် ကို အတည် ပြုပြော ကြားသည်။

လူ နာ နံပါတ် (၁)နှစ် မှာ ဒုတိယအကြိမ်ဓာတ်ခွဲ စစ်ဆေးမှုအဖြေအရ လုံးဝပိုးမတွေ့ရှိကြောင်း တွေ့ရှိရသော်လည်း အခြားသော လူနာ များဖြစ်သည့် ၎င်းလူနာ၏ မိခင် အသက်၅၈နှစ်အရွယ် လူနာနံပါတ် (၂၃)၊ ၊လူနာနံပါတ်(၃၁) ဖြစ်သူ တီးတိန် မြို့တွင်နေထိုင်သည့် အသက် ၄၉နှစ်အရွယ်အမျိုးသမီး၊လူနာနံပါတ်(၇၈)ဖြစ်သူ တီးတိန်မြို့တွင် နေထိုင် သည့် အသက် ၆၇နှစ်အရွယ် အမျိုးသားနှင့် လူနာနံပါတ်(၁၁၃)ဖြစ်သူ တီးတိန်မြို့တွင်နေထိုင်သည့် အသက် ၆၅နှစ် အရွယ် အမျိုးသမီးတို့မှာ ဓာတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးတွေ့ရှိရကြောင်း ချင်းပြည်နယ် ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လူနာ ငါးဦး၏ ဓာတ်ခွဲနမူနာများ (Nasopharyngeal Swab)ကို ကို တီးတိန်မှ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ စစ်ဆေးရန် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများက ဧပြီ ၂၆ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့နံနက် ၇နာရီထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးထံတွင် COVID-19 ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုကြေညာခဲ့ သောကြောင့် အဆိုပါလူနာနှင့်ပတ်သက်၍ လူနာနှင့်ထိတွေ့သူများအခြေအနေ (Contact Tracing ) ကို ဟားခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စုံစမ်းထောက်လှမ်းလျက်ရှိသည်။

အဆိုပါလူနာ မှာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ မတ် ၂၀ ရက်မှ ဝင်ရောက်ခဲ့သူဖြစ်ပြီး ဟားခါးမြို့သို့ ဧပြီလ ၆ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်ဟု အကြမ်းဖျဉ်းသိရှိရကြောင်း ဟားခါးမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ချင်းပြည်နယ်၊ ဟားခါးမြို့အဝင်သို့ လူနာရောက်ရှိစဉ် သက်ဆိုင်ရာ ကျန်းမာရေး ဝန် ထမ်း များက အပူချိန်တိုင်း ကိရိယာများဖြင့် စစ်ဆေးခဲ့သော်လည်း လူနာနံပါတ် (၁၅၀)က တရုတ်နိုင်ငံမှ ပြန်လာ သည့် အ ကြောင်းကို သက် ဆိုင်ရာကျန်းမာရေးဝန်ထမ်းများကို သတင်းမပို့ဘဲ သူနေထိုင်ရာ တီဟူးရွာသို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

၎င်း သည် တီဟူး ရွာသို့ရောက်ရှိပြီးနောက် ယင်းရွာမှအုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးက သက်ဆိုင်ရာကျန်းမာရေးဌာန သို့ တရုတ် နိုင်ငံမှ ပြန်ရောက်လာသည်ဟုသတင်းပေးပို့သောကြောင့် လူနာကို ချင်းပြည်နယ်၊ဟားခါး မြို့ရှိ facility quarantine center သို့ တာဝန်ရှိသူများက ပြောင်းရွှေ့ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ ရောဂါပိုး ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ချင်းပြည် နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လူနာနံပါတ် (၁၅၀)မှာ တရုတ်နိုင်ငံမှတဆင့် မူဆယ်၊ မန္တလေး၊ ကလေးနှင့် ဟားခါး မြို့သို့ ကားလမ်းအတိုင်းပြန်လာခဲ့သည်ဟု စစ်ဆေးသိရှိရသောကြောင့် ၎င်းတည်းခိုခဲ့သည့် နေရာများ၊ လူနာ စီးခဲ့သည့် ကားနှင့် လူနာနေထိုင်သည့် တီဟူးရွာမှ အနီးကပ်ထိတွေ့သူများကို ပါ စုံစမ်းဖော်ထုတ် ကာ Contract tracing လိုက်လျက်ရှိသည်။

“အခုက တော့ Tracing လိုက်နေဆဲကာလဖြစ်နေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် အကုန်လုံးတိတိကျကျတော့ ပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့ရဲ့ အခုဟားခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တောက်လျှောက် လိုက်နေ ပါတယ်။ သူက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်တဲ့အချိန် တရုတ်ကပြန်လာတယ်လို့ မပြောခဲ့ဘူး”ဟု ဒေါက်တာ အောင်ငွေစံ က ပြောသည်။လူနာ(လူနာနံပါတ် ၁၅၀)၏ကျန်းမာရေးအခြေမှာ ကောင်းမွန်လျက်ရှိပြီး လက်ရှိတွင် ဟားခါး ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ ကြီး၏ အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit) တွင် ကုသမှုခံယူလျက်ရှိသည်။

ဝန်ကြီး ဌာန၏ ဧပြီလ (၂၉) ရက်နေ့၊ မွန်းလွဲ ၁နာရီနောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသည့် အတည်ပြု လူနာ ၁၅၀ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦးမှာ သေဆုံးခဲ့ကာ ၁၆ ဦးမှာ ရောဂါပိုး မတွေ့ရှိတော့ သောကြောင့်ဆေးရုံမှဆင်းခွင့်ပြုသူများဖြစ်သည်။ အဆိုပါလူနာများအနက် ချင်းပြည်နယ်မှ ခြောက်ဦးပါဝင် ခဲ့ပြီး ၎င်းတို့ မှာ တီးတိန်မြို့နယ်မှ ငါးဦးနှင့် ဟားခါးမြို့နယ်မှ တစ်ဦး ဖြစ်သည်။

crd:The myanmar Time