ပန်းတောင်းမြို့နယ်တွင် ရေလှူရန် သွားသည့် မီးသတ် ရေသယ်ယာဉ် (၁)စီး လမ်းဘေးထိုးကျကာ သစ်ပင်နှင့် တိုက်မိသဖြင့် အရန်မီးသတ်တပ်ခွဲမှူး သေဆုံး

ပန်းတောင်း မြို့နယ်၌ ရေလှူ ရန် သွားရောက် သည့် မီးသတ် ရေသယ်ယာဉ် လမ်းဘေး ထိုးကျကာ သစ်ပင်နှင့် တိုက်မိ သဖြင့် အရ န်မီးသတ် တပ်ခွဲမှူး သေဆုံးခဲ့ကြောင်း မေ (၈) ရက်နေ့ တွင် ရဲတပ် ဖွဲ့မှ သိရသည်။မေ ၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ပန်းတောင်း မြို့နယ် ကျောက်ဖူးကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းမပေါ်၌ မီးသတ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်း အရ ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်သန်းလှ နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ပုသိမ် – မုံရွာ ကား လမ်း မိုင်တိုင် အမှတ် ၁၂၃/၇ နှင့် ၁၂၄ အ ကြား ပုသိမ် ဘက် မှ မုံရွာ ဘက်သို့ ပြည် တော်သာ ရပ်ကွက်နေ အရန် မီးသတ် တပ်ခွဲမှူး ဇော်တင်ထွန်း(ခ) ဖိုးကုလား (၅၄) နှစ် မောင်းနှင်ပြီး အရန်မီး သတ်တပ်ဖွဲ့ ဝင် ရဲမင်းထွန်း (၂၂)နှစ် တို့ လိုက်ပါ လာသည့် (၆)ဘီး ရေသယ် မီးသတ် ယာဉ်သည် ကြာအင်းကျေးရွာ သို့ ရေသွားရောက်လှူရန် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက် (၁၀)ပေခန့်ရှိ လယ် ကွင်းအတွင်းသို့ ထိုးကျကာ ယူကလစ်ပင်ကို ဝင်ရောက် တိုက်မိခဲ့ သည်။

ယာဉ်ထိုးကျ တိုက်မိမှုကြောင့်ယာဉ်မောင်း ဇော်တင်ထွန်း(ခ)ဖိုးကုလား တွင် ယာတံတောင် ဆစ် ပေါက်ပြဲ ရင်ညွန့်ပေါက်ပြဲ ဦးခေါင်းဝဲ ဘက် နှင့် မျက်နှာ ပိပြား ဝဲလက်မောင်းပေါက်ပြဲ ဝဲ/ယာ နားသွေးထွက်ဒဏ်ရာများရရှိပြီးနေရာတွင် သေဆုံးသွားခဲ့သည်။ယာဉ်ပေါ်ပါသူ ရဲမင်းထွန်း တွင် နှုတ်ခမ်း အောက် ပေါက်ပြဲဒဏ်ရာ နှဖူးပွန်းပဲ့ ဝဲ/ယာ ခြေသလုံးပွန်း ဒဏ်ရာများရရှိခဲ့သည်။ ဥသျှစ်ပင် နယ်မြေ ရဲစခန်း၏ ယာဉ် (ပ)၁၂/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ – က/ ၃၃၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

crd:The myanmar Time