ျမန္မာနိုင္ငံ၏ အသက္အႀကီးဆုံး COVID လူနာ ပိုးကင္းစင္လို႔ေဆး႐ုံမွ ဆင္းခြင့္ရ

ျမန္မာနိုင္ငံမွာ COVID -19 ေရာဂါကူး စက္ခံရသူေတြထဲ အသက္အႀကီးဆုံးလူနာျဖစ္တဲ့ ရွမ္းျပည္နယ္က အသက္ ၈၇ ႏွစ္အရြယ္ လူနာအမွတ္ ၁၄၃ ေဆး႐ုံကေန ဆင္းခြင့္ရသြားပါၿပီ။ ၈၇ ႏွစ္အရြယ္လူနာအမ်ိဳးသမီးႀကီးမွာ ေရာဂါပိုးကင္းစင္သြားၿပီး သက္သာေပ်ာက္ကင္းသြားတဲ့အတြက္ ဒီကေန႔မွာ မူဆယ္ေဆး႐ုံကေန ဆင္းခြင့္ရသြားတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ စိတ္ခ်ရေအာင္ေနအိမ္မွာ အသြားအလာကန႔္သတ္ၿပီးေနထိုင္ရဦးမွာျဖစ္ပါတယ္။လူနာအမွတ္ ၁၄၃ မွာ ပိုးရွိတာကို ဧၿပီလ ၂၆ ရက္ သတင္းထုတ္ျပန္ခဲ့တာပါ။လူနာဟာ အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႕ဖူးသူမဟုတ္ေပမယ့္ မတ္လလယ္ပိုင္းက ဒူဘိုင္းကေနျပန္လာတဲ့ ခရီးသြားရာဇဝင္ရွိပါတယ္။

ပိုးေတြ႕ၿပီးတဲ့ေနာက္ မူဆယ္ေဆး႐ုံမွာ ကုသမႈခံယူခဲ့တာလည္းျဖစ္ပါတယ္။အခုေတာ့ သူမွာ ေရာဂါပိုးမရွိေတာ့တဲ့အတြက္ ေဆး႐ုံကေန ဆင္းခြင့္ျပဳလိုက္တာလည္းျဖစ္ပါတယ္။ျမန္မာနိုင္ငံမွာ ေတြ႕ရတဲ့လူနာေတြထဲ အသက္အငယ္ဆုံးဟာ တစ္ႏွစ္နဲ႔ေျခာက္လအရြယ္ ျဖစ္ကာ အသက္အႀကီးဆုံးကေတာ့ ၈၇ႏွစ္အရြယ္ျဖစ္ပါတယ္။

သက္ႀကီးပိုင္းလူနာေတြထဲကေတာ့ မႏၲေလး ၊မတၱရာကအသက္ ၈၀ အရြယ္ လူနာအမွတ္ ၁၃၂ ဟာလည္း ပိုးကင္းစင္သြားတဲ့အတြက္ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲေဆး႐ုံက ေနဆင္းသြားခဲ့ပါေသးတယ္။

ref:7 day daily
LKT

Unicode

မြန်မာနိုင်ငံမှာ COVID -19 ရောဂါကူး စက်ခံရသူတွေထဲ အသက်အကြီးဆုံးလူနာဖြစ်တဲ့ ရှမ်းပြည်နယ်က အသက် ၈၇ နှစ်အရွယ် လူနာအမှတ် ၁၄၃ ဆေးရုံကနေ ဆင်းခွင့်ရသွားပါပြီ။ ၈၇ နှစ်အရွယ်လူနာအမျိုးသမီးကြီးမှာ ရောဂါပိုးကင်းစင်သွားပြီး သက်သာပျောက်ကင်းသွားတဲ့အတွက် ဒီကနေ့မှာ မူဆယ်ဆေးရုံကနေ ဆင်းခွင့်ရသွားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ချရအောင်နေအိမ်မှာ အသွားအလာကန့်သတ်ပြီးနေထိုင်ရဦးမှာဖြစ်ပါတယ်။လူနာအမှတ် ၁၄၃ မှာ ပိုးရှိတာကို ဧပြီလ ၂၆ ရက် သတင်းထုတ်ပြန်ခဲ့တာပါ။လူနာဟာ အတည်ပြု လူနာတွေနဲ့ ထိတွေ့ဖူးသူမဟုတ်ပေမယ့် မတ်လလယ်ပိုင်းက ဒူဘိုင်းကနေပြန်လာတဲ့ ခရီးသွားရာဇဝင်ရှိပါတယ်။

ပိုးတွေ့ပြီးတဲ့နောက် မူဆယ်ဆေးရုံမှာ ကုသမှုခံယူခဲ့တာလည်းဖြစ်ပါတယ်။အခုတော့ သူမှာ ရောဂါပိုးမရှိတော့တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ တွေ့ရတဲ့လူနာတွေထဲ အသက်အငယ်ဆုံးဟာ တစ်နှစ်နဲ့ခြောက်လအရွယ် ဖြစ်ကာ အသက်အကြီးဆုံးကတော့ ၈ရနှစ်အရွယ်ဖြစ်ပါတယ်။

သက်ကြီးပိုင်းလူနာတွေထဲကတော့ မန္တလေး ၊မတ္တရာကအသက် ၈၀ အရွယ် လူနာအမှတ် ၁၃၂ ဟာလည်း ပိုးကင်းစင်သွားတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲဆေးရုံက နေဆင်းသွားခဲ့ပါသေးတယ်။

ref:7 day daily
LKT