စော်စော်ကားကား ရဲစခန်းထဲဝင် ရဲမေ ကိုပါးကိုင်ပြီးအချစ် ကလေး ထောက်ခံစာလုပ်ပေး ဟု ပြောသူ ကို ပုဒ်မသုံးခု တပ် ဖမ်းဆီး
ref:socialkhit
UNICODE
ရဲစခန်းထဲဝင် ရဲမေ ကို ထိကပါးရိကပါး ပြောဆိုပြီး ပါးကိုင်သူ ကို ပုဒ်မ(၃)ခု တပ်၍ အမှုဖွင့်ဖမ်းဆီး
ရဲစခန်းထဲအထိ လာ၍ ရဲမေပါး ကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီ ကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူ းသွားတိုင်တော့ သယ် မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့် ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။ အရင်က သက်ငယ်မုဒိမ်း မှုနဲ့ ထောင်ကျပြီး ထွက်လာရ တဲ့ သူလို့ သိရပါတယ်” ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြစ်မှု ကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ဝန်ထမ်းအား နှောင့်ယှက်မှု၊ ညစ်ညမ်းစွာ ဆဲမှု၊ မိန်းမ အိန္ဒြေပျက်စေမှု တို့ဖြင့်ဖမ်း ဆီးခဲ့ကြောင်း သိရသည်။ မန္တလေးမြို့မ ရဲစခန်းသို့ ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင် ၍ ချစ်ကလေး ရာ လုပ်ပေးလိုက်ပါဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းရဲစခန်းမှ သတင်းရရှိသည်။
မေလ ၂ ရက် နံနက်ပိုင်း ၈၉လမ်းအနီး နေ အသက် ၂၃နှစ် အရွယ် သက်နိုင် (ခ) အညာသား သည် မန္တလေး မြို့မရဲစခန်းသို့ ထောက်ခံစာ လာ တောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ် မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။