မန္တလေးမြို့တွင် (၁)လအတွင်း ဆွဲကြိုးဖြတ်ပြေးသည့် လုယက်မှုပေါင်း (၁၀) မှုထိ ကျူးလွန်ခဲ့သူ လူငယ်(၄)ဦးကို ဖမ်းဆီးရမိ

မန္တလေးမြို့တွင် (၁)လအတွင်း ဆွဲကြိုး ဖြတ်ပြေးသည့် လုယက် မှုပေါင်း (၁၀)မှုထိ ကျူးလွန်ခဲ့ သူ လူငယ်(၄)ဦးကို ဖမ်းဆီး ရမိပြီး ရွှေပြန် ဝယ်သည့် ဆိုင်ကို အရေးယူ ရန် ဆောင် ရွက်နေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ မန္တလေးမြို့ ၊ချမ်းမြသာစည် မြို့ နယ် တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးကို လုယူထွက်ပြေးမှု မေလ ၆ ရက် နံနက် ၁၀ နာရီခန့် ကဖြစ်ပွား ခဲ့ရာ ကျူးလွန်သူများကို နယ်မြေတွင်းလှည့်လည်နေသည့် ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့်တိုက်၍ ဖမ်းဆီးရမိရာမှတဆင့် ၎င်းတို့ကျူးလွန် ထား သည့် အခြားလုယက်မှုများကိုပါ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“လုယက် မှုတွေက ခပ်စိတ်စိတ်ဖြစ်နေတော့ အမှတ်(၁၁) ရဲစခန်းကနယ်ထိန်းတွေက မနက်ပိုင်းတင် ကင်းလှည့်ပတ်နေချိန်မှာပဲ မေလ (၆) ရက် မှာ ဆွဲကြိုးဖြတ်လုယက်မှုကျူးလွန်သူတွေကို ဆိုင်ကယ်နဲ့တိုက်ဖမ်းခဲ့တဲ့ဖြစ်စဉ်ကစပြီး ကွင်းဆက်ကျူးလွန်မှုတွေကို ဖော်ထုတ် နိုင်တာပါ။  စုစုပေါင်း လုယက်မှု ၁ဝမှု၊ လက်နက်မှု ၁မှု ဒါတွေကို တစ်လအတွင်း ကျူးလွန်ခဲ့တာပါ။ အသက် ၁၈ နှစ်တစ်ယောက်နဲ့ ကျန် တာ (၂၀) အရွယ် လူငယ်တွေပါပဲ။ ရွှေတွေကိုလည်း တစ်ဦးထဲကပဲ ပြန်ပြီး လက်ခံဝယ်တဲ့တွက် သူ့ကိုလည်း သက်ဆိုင်ရာ ရဲစခန်းကပဲ ဆက်လက် အရေးယူ ပါလိမ့်မယ်”ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မှုခင်းအကူ ဌာနစိတ်တာဝန်ခံ ရဲအုပ်ဝင်းကျော်ဦးမှ ပြောကြားခဲ့ သည်။

ဈေးဝယ်ပြန် လာသည့် အမျိုးသမီး တစ်ဦးထံမှ ရွှေဆွဲကြိုး လုယူထွက်ပြေးခဲ့သူများမှာ အသက်နှစ်ဆယ်အရွယ်ရှိ ကောင်းထက်ကျော်နှင့် ချစ်သဲမောင် တို့ဖြစ်ပြီး ၎င်းတို့ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ် မြေရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ထားခဲ့ရာ သက်ဆိုင်ရာတဝန်ရှိသူများက ထပ်မံစစ်ဆေးချက်အရ ယင်းတို့ကျူးလွန်ခဲ့သည့် ဆွဲကြိုးလုယက်မှု ၁ဝမှုကိုပါ ဖော်ထုတ်နိုင် ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံ မြို့နယ် အမှတ် (၃) ရဲစခန်းပိုင်နယ်မြေတွင် ၄ မှု၊ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းပိုင်နယ်မြေတွင် ၂မှု၊ ချမ်းမြသာစည်မြို့ နယ် အမှတ်(၁၁)ရဲစခန်းပိုင်နယ်မြေတွင်၎မှု စုစုပေါင်း တစ်လအတွင်း ဆွဲကြိုးဖြတ်လုယက်မှုပေါင်း ၁၀ မှုကို ဝင်းမင်းခန့်(၂ဝနှစ်)နှင့် ဇင်မင်းခန့်(၁၈နှစ်) တို့နှင့်အတူ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းများတွင် ရာဇသတ် ကြီးပုဒ်မ၃၈၂ဖြင့် အသီးသီးအမှုဖွင့်ထားပြီး ၎င်းတို့နှင့်အတူ လုယက်မှုများကိုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများကိုလည်း ဖမ်းဆီးရ မိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့ သို့ ဆွဲကြိုးဖြတ် လုယူမှုများကို ဧပြီ နှင့်မေလဆန်း ပိုင်းတွင်းက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လုယူထွက်ပြေးရလာသည့် ရွှေဆွဲကြိုးများ ကို အောင်မြေသာစံမြိ့နယ်ရှိ ရွှေပန်းထိမ်ပိုင်ရှင်တစ်ဦးထဲက ကာလပေါက်ဈေးထက် များစွာ လျော့ဝယ်ယူခဲ့ကာ အရည်ကျို ပုံဖြတ် ခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဧပြီလအတွင်း ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း ပေါ်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်း လုယက်ခဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့က ကားဖြင့် တိုက်ကာ ဖမ်းဆီးခဲ့မှု ဖြစ်ပွားခဲ့သလို စည်ပင်သာယာရဲတပ်ဖွဲ့ဝင်တစ်ဦးအား တုတ်ဖြင့်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယူမှုကျူးလွန်ခဲ့သူ လူငယ်ငါးဦးကိုလည်း ဖမ်းဆီး ရမိခဲ့သည်။

crd:Eleven media