ရန်ကုန်တိုင်း အလုံမြို့နယ်တွင် (COVID 19) လူနာသစ် အမျိုးသမီး (၁) ဦးတွေ့ရှိ၊ နိုင်ငံတဝန်း COVID 19 အတည်ပြုလူနာ (၁၈၁) ဦးအထိရှိလာပြီ

ရန်ကုန်တိုင်း၊ အလုံမြို့နယ် မှာ (COVID 19) ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် အမျိုးသမီး (၁)ဦးတွေ့ရှိတယ် လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ရဲ့ ဒီနေ့ မေလ (၁၃) ရက်ည (၈) နာရီ ထုတ်ပြန်ချက် အရ သိရပါတယ်။အလုံမြို့နယ်မှာနေထိုင်တဲ့ အဆိုပါလူနာသစ် အမျိုးသမီးဟာ အသက် ၅၂ နှစ်အရွယ်ရှိပြီး လူနာအမှတ် ၁၇၉ နဲ့ ထိတွေ့မှု ရှိခဲ့လို့ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။

ဒီနေ့ညနေပိုင်း မှာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ် အဖြစ် ဓာတ်ခွဲ နမူနာ (၆၇) ခုနဲ့ဆေးသု တေသ န ဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၈၇)ခု၊ စုစုပေါင်း (၁၅၄)ခု အား စစ်ဆေးပြီးစီးခဲ့ ရာမှာ COVID 19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁)ဦး ထပ် တွေ့ရှိရတာပါ ။

ဓာတ်ခွဲ အတည်ပြု လူနာဟောင်း တွေရဲ့ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွေမှာ နှစ်ကြိမ် ဆက် တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case-35,147 နှင့်150) ရှိလို့ ဒီကနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၇၉ ဦးရှိပြီး ဒီအထဲက ၆၆ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

မေ (၁၃) ရက် ည (၈) နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင် ၁၈၁ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန် ထားပါတယ်။

crd:dvb news