ဘားအံမြို့တွင် လသားအရွယ် ကလေးငယ်ကို အရက်ကြောင်ကြောင်ကာ မီးရှို့ပြီးထွက်ပြေးသည့် အမျိုးသားအား ပုဒ်မ(၃)ခုဖြင့် ဖမ်းဆီး အမှုဖွင့်

ကရင် ပြည်နယ် ဘားအံ မြို့တွင် လသား အရွယ် ကလေးငယ် ကို မီးရှို့ ပြီး ထွက်ပြေး သည့် အမျိုးသား ကို ပုဒ်မ(၃)ခုဖြင့် အမှုဖွင့် ဖမ်းဆီး ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။မေလ( ၁၄) ရက် ည (၉) နာရီက ဘားအံမြို့ အမှတ် (၉)ရပ် ကွက် သိမ်တော်ကြီးလမ်း တွင် (၃၀)နှစ် အရွယ် အမျိုးသား (၁)ဦးက အရက်ကြောင်ကြောင် ကာ(၇)လသား အရွယ် ကလေးငယ် ကို မီးရှို့ ၍ ထွက်ပြေး ခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

အဆိုပါ ထွက်ပြေး သည့် အမျိုးသားကို ဘားအံမြို့နယ် လှည့်ကင်း ရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း ရဲတပ် ဖွဲ့က ပြောသည်။ယင်းအမျိုးသားနှင့် မီးရှို့ခံရသည့် ကလေးငယ်မှာ သားအဖ တော်စပ်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေး‌ သား ဖော်ပြထားသော် လည်း ကျူးလွန်သူအမျိုးသားမှာ ဆွေမျိုးတော်စပ် ကြောင်း ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုင်းဝဏ္ဏအောင်က ပြော သည်။

‘‘သူတို့က သားအဖ မဟုတ် ပါဘူး။ တရားခံနဲ့ ကလေးငယ် က ဆွေမျိုး တော်စပ်ကြတာပါ။ ကျူးလွန် သူက အရက်ကြောင်ကြောင် ပြီး လုပ်ခဲ့တာ လို့ ကနဦးစစ်ဆေး သိရပါတယ်။ ဆက်ပြီး စစ်ဆေး နေပါတယ်’’ဟု ၎င်းက ပြော ကြားသည်။မီးရှို့ခံရသည့် ကလေးငယ်မှာ ခန္ဓာကိုယ် အနှံ့ မီးလောင်ဒဏ်ရာများရရှိ၍ ဘားအံမြို့ ဆေးရုံ ကြီးတွင် ဆေးကုနေကြောင်း ဒုရဲမှူးစိုင်းဝဏ္ဏအောင်က ဆက် လက်ပြော သည်။

‘‘ကလေး ကတော့ သက်သာ ပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ပါဘူး’’ဟု ၎င်း က ဆိုသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ အမျိုးသားကို ဘားအံမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၇ (လူသတ်မှုကျူးလွန်ရန် အားထုတ်မှု)၊ ပုဒ်မ (၄၃၆) (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ (၅၀၆) (ခြောက် လန့်မှု)ဖြင့် အမှုဖွင့် ထားသည်။

crd:7day news