ဆောင်းရာသီတွင် Covid 19ဗိုင်းရပ်စ် အရှိန် ပြန်တက်နိုင်ကြောင်း အင်္ဂလန် ဆေးဘက်ဆိုင်ရာအရာရှိ ဂျွန်နသန်ဗန်သန်က ပြောဆို

ရေရှည်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကို သည်းညည်းခံ နိုင်အောင် သင်ယူလေ့လာရနိုင် တယ်လို့ ဗြိတိန် အစိုးရ အကြံပေး (၁)ဦးက မေ (၁၈) ရက် မှာ ပြောပါတယ်။ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ပတ်သက်ပြိး အစိုးရ ပြင်ဆင်မှုအပိုင်းကို မေးမြန်းရာမှာ အင်္ဂလန်ရဲ့ ဆေးဘက်ဆိုင် ရာ ဒုတိယ အကြီးအကဲ ဂျွန်နသန်ဗန်သန် က ဆောင်းဦး နဲ့ ဆောင်းတွင်း ကာလမှာ ကိုရိုနာ ဗိုင်းရပ်စ် အရှိန်ပြန်တက် နိုင်တဲ့အခြေအနေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါ ကြောင့် ကာကွယ်ဆေး မရခင်အချိန် အထိ လပေါင်းများ စွာ Covid 19 ဗိုင်းရပ်စ်ကို သည်းခံ ရနိုင်တယ်လို့ ဂျွန်နသန်ဗန်သန် က ပြောခဲ့ပါတယ်။ အသက် (၅)နှစ် အထက် ရှိပြီး ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာဖော်ပြတဲ့ ဘယ်သူမဆို ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေး ခွင့်ပြုတဲ့ အစီအစဉ်ကို မေ (၁၈)ရက်မှာ တိုးချဲ့လိုက်တယ် လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ က ကြေညာခဲ့ပါတယ်။

ဗြိတိန်မှာ မေ (၁၈) ရက် အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၃၄,၀၀၀) ကျော် ရှိပြီး ကူးစက်သူက (၂၄၀,၀၀၀) ရှိတယ် လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

crd:dvb news

unicode

ရေရှည်််မှာ ကိုရိုနာ ဗိုင်းရပ််စ်် ကို သည်းညည်းခံ နိုင်အောင် သင်ယူလေ့လာရနိုင်် တယ်လို့ ဗြိတိန်် အစိုးရ အကြံပေး (၁)ဦးက မေ (၁၈) ရက်် မှာ ပြောပါတယ််။ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ပတ်သက်ပြိး အစိုးရ ပြင်ဆင်မှုအပိုင်းကို မေးမြန်းရာမှာ အင်္ဂလန်ရဲ့ ဆေးဘက်ဆိုင် ရာ ဒုတိယ အကြီးအကဲ ဂျွန်နသန်ဗန်သန်် က ဆောင်းဦး နဲ့ ဆောင်းတွင်း ကာလမှာ ကိုရိုနာ ဗိုင်းရပ်စ် အရှိန်ပြန်တက်် နိုင်တဲ့အခြေအနေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါ ကြောင့် ကာကွယ်ဆေး မရခင်အချိန်် အထိ လပေါင်းများ စွာ Covid 19 ဗိုင်းရပ်စ်ကို သည်းခံ ရနိုင်တယ််လို့ ဂျွန်နသန်ဗန်သန်် က ပြောခဲ့ပါတယ််။ အသက်် (၅)နှစ် အထက်် ရှိပြီး ကိုရိုနာ ဗိုင်းရပ်စ်် လက္ခဏာဖော်ပြတဲ့ ဘယ််သူမဆို ဗိုင်းရပ််စ်် ရှိ၊ မရှိ စစ်ဆေး ခွင့်ပြုတဲ့ အစီအစဉ််ကို မေ (၁၈)ရက်မှာ တိုးချဲ့လိုက်တယ်် လို့ ဗြိတိန်် ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ က ကြေညာခဲ့ပါတယ််။

ဗြိတိန်မှာ မေ (၁၈) ရက်် အထိ ကိုရိုနာဗိုင်းရပ််စ်ကြောင့် သေဆုံးသူ (၃၄,၀၀၀) ကျော်် ရှိပြီး ကူးစက်သူက (၂၄၀,၀၀၀) ရှိတယ်် လို့ ရိုက််တာ သတင်းအရ သိရပါတယ််။

crd:dvb news