One Championship ဥက္ကဋ္ဌ ချာထရီက (MMA)ပြိုင်ပွဲများတွင် မြန်မာ့လက်ဝှေ့ကို ထည့်သွင်းကျင်းပလိုကြောင်း ပြောဆို

(MMA) One Cham-pionship ပြိုင်ပွဲများ တွင် မြန်မာ့ ရိုးရာ လက်ဝှေ့ပွဲစဉ် အချို့ကို ထည့် သွင်း ကျင်းပ လိုကြောင်း One ဥက္ကဋ္ဌ ချာထရီ က ပြောကြား သည် ဟုဗြိတိန် နိုင်ငံအခြေစိုက် InsiderMedia က ဖော်ပြ သည်။One Championship သည် ၂၀၁၁ က စတင် ကာ အာရှနိုင်ငံ အသီးသီး၌ MMA (ကိုယ်ခံပညာ သိုင်းပေါင်းစုံ) ပြိုင်ပွဲ များ ပြုလုပ်ခဲ့ပြီး တစ်နှစ်လျှင် ၁၀ ပွဲကျော် ကျင်းပလေ့ရှိ သည်။

‘‘One က ကိုယ်ခံ ပညာသိုင်း ပေါင်းစုံတစ်ခု တည်း ကျင်းပတာ မဟုတ်ပါဘူး။ ကိုယ်ခံ ပညာ အား လုံးကို ကျင်းပ တာပါ။ နပန်း၊ ဘောက်ဆင်၊ မွေထိုင်း၊ ကစ်ဘောက်ဆင် စတဲ့ အား ကစား နည်းတွေကို ကျင်းပ ပေးနေသလို မြန်မာ့ရိုးရာ လက်ဝှေ့ပွဲစဉ် အချို့ ကို လည်း ထည့်ကျင်း ပလိုပါ တယ်။ လက်ဝှေ့က အကာ အ ကွယ်မပါဘဲ လူနှစ်ယောက် ထိုး သတ် ပေမယ့် စစ်မှန်ပြီး အနုပညာဆန် တဲ့ ကိုယ်ခံပညာတစ်ရပ် ပါ’’ ဟု ချာထရီ က ပြောသည်။

မြန်မာ့ ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များ ယှဉ်ပြိုင်နေ သည့် WLC ခရူဆာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်၏ ထိုး သတ်ပုံကိုလည်း ကြိုက်နှစ် သက် ကြောင်း ချာထရီက ပြောသည်။One Championship သည် MMA ပြိုင်ပွဲများသာမက၂၀၁၈က စတင်ကာ မွေထိုင်း၊ကစ်ဘောက်ဆင် အားကစားနည်းများကိုလည်း One Super Series အမည်ဖြင့် ထည့်သွင်းကျင်းပလျက်ရှိသည်။

လက်ရှိတွင် (COVID 19) ကြောင့် MMA (One Cham-ဝpionship) ပြိုင်ပွဲများကို ရွှေ့ ဆိုင်းထားရသော်လည်း ရောဂါ ထိန်းချုပ်နိုင်ပါက ပရိသတ်အ ကြိုက် ပွဲစဉ် များကို ခမ်းနားစွာ ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ချာထရီ က ပြောသည်။

crd:7day news