(AA Medical)မှ COVID 19 ရောဂါ ကိုယ်ခံအားရှိ၊ မရှိ ရှာဖွေသည့်ဆေးရည် Reagent (COVID-19 Antibody Test)များ  လှူဒါန်းမည်

(COVID 19) ရောဂါ ကိုယ်ခံ အားရှိ၊ မရှိ ရှာဖွေ သည့် ဆေးရည် Reagent (COVID-19 Antibody Test) လေး သောင်း ကျော် ကို ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာ နနှင့် တပ်မ တော် ဆေးရုံများသို့ လှူဒါန်းရန် စီစဉ်နေ ကြောင်း ပြည်တွင်း ဆေးကုမ္ပဏီ(AA Medical Products)မှ သတင်း ရ ရှိသည်။

ယင်းဆေးရည် ကို အသုံးပြု ၍ စစ် ပေးခြင်းဖြင့် (COVID 19) ရောဂါကူးစက် ခံခဲ့ရမှုရှိ၊ မရှိခွဲခြား နိုင်ပြီး ခံနိုင်ရည် ရှိသူနှင့် ကူးစက် ခံရလွယ် သူများအဖြစ် အုပ်စုခွဲ ခြားနိုင်ခြင်း၊ ကာကွယ်ဆေး ထွက် ပေါ်လာချိန် တွင် ကာကွယ် ဆေး ထိုးနှံမှု ကို အရေးကြီးသည့် အုပ်စု အလိုက် ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်နိုင်ခြင်း၊ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် ပေးနိုင်ခြင်း စသည့် အကျိုးကျေး ဇူးများစွာ ရရှိနိုင်သည်ဟု (AA Medical Products) ပေ့ခ်ျ်တွင် ဖော်ပြ ထားသည်။

အဆိုပါ (Roche Elecsys Anti SARS-CoV-2 Reagent) ဆေးရည် ကို Roche Diagnostics ကုမ္ပဏီ မှ တီထွင် ထုတ်လုပ် ခဲ့ပြီး အမေရိ ကန် FDA မှ မေလ ၂ရက် တွင် မှတ်ပုံတင်ရရှိခဲ့ကာ EU နိုင်ငံအသိအမှတ်ပြုမှုလည်း ရရှိထားသည်။ ယခုအခါ အမေရိ ကန်၊ အင်္ဂလန်၊ ဩစတြေးလျ နိုင် ငံများ အပါအဝင် နိုင်ငံပေါင်း ၉၈ နိုင်ငံတို့က မှာယူတင်သွင်းသုံးစွဲ နေကြပြီဖြစ်သည်။ (AA Medical Products) ကုမ္ပဏီ အနေဖြင့် မေလ ၁၁ ရက် တွင် မြန်မာနိုင်ငံ FDA သို့ အဆိုပါ ပစ္စည်းကို တင်သွင်းခွင့်ထောက်ခံ ချက်လျှောက် ထားခဲ့ပြီး ခွင့်ပြု ချက်ရရှိပြီးသည့်အခါ အထက်ပါ အတိုင်းလှူဒါန်းမှု ဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါဆေး ကုမ္ပဏီမှ CEO ဦးဇော်မိုးခိုင် က ပြောသည်။

ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တပ်မတော်ဆေး ရုံများ တွင် တာဝန် ထမ်းဆောင်နေ ကြ သော ဆရာဝန် များ၊ ကျန်းမာ ရေးဝန်ထမ်းများ အတွက် Reagent (COVID-19 Antibody Test) လေးသောင်း သုံးထောင်ကို AA Medical Products က လှူ ဒါန်းခြင်းဖြစ်သည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အဆိုပါ Test ၃၃,၀၀၀၊ တပ်မတော် ဆေးရုံ များသို့ ၁၀,၀၀၀ အသီးသီးလှူ ဒါန်းမည်ဖြစ်ပြီး စုစုပေါင်းတန် ဖိုးမှာ ကျပ်သိန်း (၁,၅၀၀) ကျော်ရှိ သည်။ယင်းပစ္စည်း Reagent (COVID-19 Antibody Test) သည် မြန်မာနိုင်ငံ၏ အစိုးရ၊ ပုဂ္ဂလိကနှင့် တပ်မတော်ဆေးရုံ များတွင် ရှိပြီးဖြစ်သော Roche Cobas e411, Cobas e601, Cobas e801 analyser စက်များ တွင် ထည့်၍စစ်ဆေးနိုင်ကြောင်း သိရသည်။

အထက်ပါ စက်များ သည် အသည်းရောင် အသားဝါ ဘီ/ စီ၊ HIV ရောဂါများနှင့် ပတ်သက် သည့် ကိုယ်ခံအား ထွက်၊ မထွက် ရှာခြင်းတွင် လည်းကောင်း၊ ကင် ဆာရောဂါများ အခြေအနေဆန်း စစ်၍ ကုထုံးများဆုံးဖြတ်ရာတွင်လည်းကောင်း၊ လူနာ၏ဟော် မုန်းရောဂါ အခြေအနေစစ်ဆေး ၍ ကုထုံး ဆုံးဖြတ်ရာတွင်လည်း ကောင်း၊ နှလုံးရောဂါ၊ အရိုးရော ဂါ၊ သွေးအားနည်းရောဂါများတွင် ကုထုံးကို စဉ်းစား ဆုံးဖြတ်လည်း ကောင်း အထောက်အကူပြု စစ် ဆေးမှုအဖြစ် ဆရာဝန်များ၊ ဆေး ရုံများ၌ အသုံးပြုနေကြသောစက် များ ဖြစ်သည်။

crd:7day news