(Covid 19) ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့မှု အကူအညီများက ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည်ဟု မျှော်မှန်းကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(EAOs)များ ထံသို့ Covid 19 ရောဂါ ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့လျက် ရှိသော တပ်မ တော်အ နေဖြင့် အဆိုပါ ထောက်ပံ့မှုများက ငြိမ်းချမ်းရေး အတွက် အထောက် အကူပြုစေမည် ဟုမျှော်မှန်း ထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒီက နေ့ ကျွန်တော်တို့ မျှော်မှန်း ထားတာသည် ထာဝရ ငြိမ်းချမ်းရေး အတွက်လည်း မျှော်မှန်းတယ်။ တိုင်းရင်းသား စည်းလုံး ညီ ညွတ်ရေးအတွက် လည်းမျှော်မှန်းတယ်။ ယုံကြည်မှုတည်ဆောက်ရေးအတွက်လည်း မျှော်မှန်းတယ်လို့ပြောလိုပါတယ်”ဟု မေ(၂၂)ရက်က နေပြည်တော် တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အ နေဖြင့် EAOsများကိုလည်း နိုင်ငံသားများအဖြစ်ပင် ရှုမြင်ထားသောကြောင့် ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ ရာတွင် အကြားအလတ်မကျန်ရရှိစေရမည်ဟူသော မူအတိုင်း ထောက်ပံ့နေခြင်းဖြစ်သည်ဟု ဆိုသည်။တပ်မတော်သည် ပြီးခဲ့သည့်ရက် များ အတွင်း EAOsအဖွဲ့များဖြစ်သည့် UWSA, NDAA(မိုင်းလား), KIO/KIAတို့ထံ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး မေ (၂၂)ရက် ကလည်း KNU, KNU/KNLA(PC), DKBA/KKO, SSPP/SSAနှင့် KNPPတို့ထံ ထောက်ပံ့ပေး ခဲ့သည်။

crd:The myanmar Time