ကွမ်းခြံကုန်းမြို့နယ်တွင် လူ(၁၅)ဦးလိုက်ပါလာသည့် စက်လှေ (၁)စီး တိမ်းမှောက်၍ အမျိုးသား (၃)ဦးပျောက်ဆုံးနေ

ရန်ကုန် တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ၌ (၁၅)ဦး လိုက်ပါလာသည့် စက်လှေ (၁)စီး တိမ်းမှောက် သဖြင့် အမျိုးသား သုံးဦးပျောက် ဆုံး နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့မေ၂၃ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မေ (၂၂) ရက်နံနက် (၄)နာရီတွင် သင်္ဃန်းကျွန်း မြို့နယ်၊ (၂၈)ရပ်ကွက်နေ မျိုးအောင်(၃၇)နှစ် မောင်းနှင် ပြီး ရေလုပ်သား အောင်သူ (၃၅) နှစ်ပါ (၁၅) ဦးလိုက်ပါလာသည့်အမှတ် ×××(YSD) “ချယ်ရီ”ငါးဖမ်း စက်လှေသည် ပင်လယ်ပြင် ဘက်မှ ရန်ကုန်မြစ်အတွင်း သို့ မောင်းနှင် လာစဉ် ကွမ်းခြံကုန်း မြို့နယ်၊ သောင်ခုံကျေးရွာ၏ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ ပင်လယ်ပြင်အ ရောက်၌ ရေလှိုင်း ရိုက်ခတ်မှုကြောင့် အရှိန် မထိန်းနိုင် ဘဲ တိမ်းမှောက် သွားခဲ့သည်။

ထို သို့ တိမ်းမှောက် ခဲ့ရာ အနီးရှိ ငါးဖမ်း စက်လှေ များက မျိုးအောင် ပါ (၁၂) ဦးတို့ အား ကယ်ဆယ် ရရှိခဲ့ပြီး အောင်သူပါ အမျိုးသား (၃) ဦး တို့ မှာ ရေနစ်ပျောက် ဆုံးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းနေ့ ညနေ (၅)နာရီမိနစ် (၃၀) အချိန်တွင် မျိုးအောင် (ဖမ်းမိ) အား ကွမ်းခြံကုန်း မြို့မရဲစခန်းက(ပ)၂၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀ (ရေယာဉ်အား အရမ်းဦးစီးသွားလာမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

crd:The myanmar Time

unicode

ရန််ကုန်် တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်် ၌ (၁၅)ဦး လိုက််ပါလာသည့်် စက််လှေ (၁)စီး တိမ်းမှောက်် သဖြင့် အမျိုးသား သုံးဦးပျောက်် ဆုံး နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့မေ၂၃ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မေ (၂၂) ရက်နံနက်် (၄)နာရီတွင်် သင်္ဃန်းကျွန်း မြို့နယ််၊ (၂၈)ရပ််ကွက််နေ မျိုးအောင််(၃၇)နှစ်် မောင်းနှင်် ပြီး ရေလုပ််သား အောင်သူ (၃၅) နှစ်ပါ (၁၅) ဦးလိုက််ပါလာသည့် ်အမှတ်် ×××(YSD) “ချယ််ရီ”ငါးဖမ်း စက်လှေသည် ပင်လယ်ပြင်် ဘက််မှ ရန်ကုန်မြစ်အတွင်း သို့ မောင်းနှင်် လာစဉ် ကွမ်းခြံကုန်း မြို့နယ်၊ သောင်ခုံကျေးရွာ၏ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ ပင်လယ်ပြင်အ ရောက်၌ ရေလှိုင်း ရိုက်ခတ်မှုကြောင့် အရှိန်် မထိန်းနိုင်် ဘဲ တိမ်းမှောက်် သွားခဲ့သည််။

ထို သို့ တိမ်းမှောက်် ခဲ့ရာ အနီးရှိ ငါးဖမ်း စက်လှေ များက မျိုးအောင်် ပါ (၁၂) ဦးတို ့အား ကယ််ဆယ်် ရရှိခဲ့ပြီး အောင်သူပါ အမျိုးသား (၃) ဦး တို ့မှာ ရေနစ်ပျောက်် ဆုံးသွားခဲ့သည််။ အဆိုပါဖြစ်စဉ်နှင့်် ပတ််သက််၍ ယင်းနေ့ ညနေ (၅)နာရီမိနစ်် (၃၀) အချိန်တွင် မျိုးအောင် (ဖမ်းမိ) အား ကွမ်းခြံကုန်း မြို့မရဲစခန်းက(ပ)၂၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀ (ရေယာဉ်အား အရမ်းဦးစီးသွားလာမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်် ရှိသည််။

crd:The myanmar Time