(COVID 19) ကူးစက်ပြန့်ပွားမှု၏ ဗဟိုချက်မှာ တောင် အမေရိက ဖြစ်လာနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ကြေညာလိုက်

လက်တင် အမေရိကေ ဒသတွင် (COVID 19) ကူးစက်ပြန့်ပွား မှုများ မြင့်တက် လာနေခြင်းကြောင့် ဗိုင်းရပ်စ်ပြန့်် ပွားရာ ဗဟိုချက်မ နေ ရာ သစ် ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောကြားလိုက်သည်။“တောင်အမေရိကနိုင်ငံအများစုမှာ ရောဂါ ကူး စက်မှုများ မြင့်တက်လာတာကို တွေ့မြင်နေရတာကြောင့် တောင်အမေရိကဟာ ရောဂါကူးစက်မှုရဲ့ ဗဟိုချက်မအသစ် ဖြစ်လာနေပြီ ”ဟု (WHO) ၏ အရေးပေါ် အခြေအနေတုံ့ပြန်ရေးဆိုင်ရာ ဒါရိုက်တာမိုက်ရိုင်ယန်က ပြောကြားသည်။

“ဒေသ တွင်း တိုင်းပြည်အ တော်များများမှာ စိုးရိမ်စရာ တွေရှိပါတယ်။ ဘရာဇီး ကတော့ ထိခိုက်မှု အမြင့်ဆုံးဆိုတာ ရှင်းပါတယ်”ဟု ၎င်း က ဆိုသည်။ ဘရာဇီး နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ နှစ်သောင်းတစ်ထောင်ကျော်သွားပြီဖြစ်ကာ ကူးစက်ခံရမှုဖြစ်စဉ် (၃)သိန်း (၃) သောင်း ရှိသွား ပြီဖြစ်သည်။ စစ်ဆေးမှု နည်းနေခြင်းကြောင့်ဖြစ် ကာ အမှန် တကယ် ကိန်းဂဏန်းက ယခုထက် ပိုမိုများနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် ထားသည်။

ကူးစက် ခံရမှုပြမျဉ်းသည် သိသာစွာထိုးတက်လာခဲ့ပြီး လူဦးရေ သန်း ၂၁၀ ရှိသော ဘရာဇီးသည် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့ အပြီးတွင် ကူးစက်ခံရမှု အများဆုံးဖြစ်လာခဲ့သည်။ဘရာဇီးရှိလူသေနှုန်းသည် ၁၁ ရက်အတွင်း ၂ ဆ မြင့်တက်လာခဲ့ကြောင်း အစိုးရ ကိန်း ဂဏန်း အချက်အလက်များက ဖော်ပြထားသည်။“အဓိက ကူးစက်မှုအများဆုံးဒေသမှာ ဆာအိုပိုလိုဒေသမှဖြစ်ပါတယ်”ဟု ရိုင်ယန် က ဆိုသည်။

ဘရာဇီး နိုင်ငံ အနောက်မြောက် ပိုင်း ပြည်နယ်တွင် လည်း လူတစ်သိန်းလျှင် ၄၉၀ ဦးကူးစက်ခံနေရသည်ဟု ၎င်းကသတိပေးထား သည် ။ ထိရောက်မှုအတွက် ခိုင်မာသော သက်သေများမရှိသော်လည်း ငှက်ဖျားတိုက်ဖျက်ရေး ဆေးများဖြစ်သည့် ကလိုရိုကီနင်းနှင့် ဟိုဒရို ဆီ ကိုလိုရိုကွီနင်း တို့ဖြင့် COVID-19 အပျော့ကို ကုသရန် ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြား ထားသည်။ ကမ္ဘာ့ကူး စက် မှုနှုန်း အမြင့်ဆုံးနိုင်ငံများတွင် ဘရာဇီးက ၃၊ ပီရူး ၁၂၊ မက္ကဆီကို ၁၆၊ ချီလီ ၁၇ တို့ဖြင့် လက်တင်အမေရိကနိုင်ငံများက အသီးသီး ရပ်တည် နေ သည်။

crd:The voice