အေမရိကန္သို႕ ႏွာေခါင္းစည္းအတု ၅ သိန္းနီးပါး တင္ပို႔တဲ့ တ႐ုတ္ကုမၸဏီကို တရားစြဲ

အေမရိကန္ႏိုင္ငံတစ္ဝန္း COVID-19 ကပ္ေရာဂါ ျမန္ဆန္စြာ ျဖစ္ပြားခဲ့သည့္ ဧၿပီလအတြင္း ႏွာေခါင္း စည္းအတု ငါးသိန္းနီးပါးႏွင့္ စံခ်ိန္မမွီေသာ N95 အသက္ရႉစက္မ်ားကို အေမရိကန္ဝယ္ယူသူမ်ားထံ ေရာင္းခ်မႈ ေၾကာင့္ အေမရိကန္ တရားေရးဝန္ႀကီးဌာနက တ႐ုတ္ကုမၸဏီတစ္ခုကို တရားစြဲဆိုလိုက္ေၾကာင္း သိရပါသည္။

တင္ပို႔ခဲ့သည့္ ႏွာေခါင္းစည္း ၄၉၅၂၀၀ ခုမွာ N95 အဆင့္အတန္းရွိ ႏွာေခါင္းစည္မ်ားျဖစ္သလို အေမရိကန္ အမ်ိဳးသား ေဘးအႏၲရာယ္ကင္းေရးႏွင့္ က်န္းမာေရးအဖြဲ႕အစည္းက အသိအမွတ္ျပဳထားေၾကာင္း တ႐ုတ္ ကုမၸဏီက ေျပာၾကားသည္။တ႐ုတ္ႏိုင္ငံမွ အဆိုပါ စံခ်ိန္မမွီ ႏွာေခါင္းစည္းမ်ားတင္သြင္းမႈအတြက္ အေမရိကန္ေဒၚလာ တစ္သန္း ေက်ာ္ ကုန္က်ခဲ့ေၾကာင္း တရားေရးဝန္ႀကီးဌာန၏ တိုင္ၾကားခ်က္က ေဖာ္ျပခဲ့သည္။

“ဒီစြဲခ်က္ေတြအရ တိုင္ၾကားခ်က္မွာ အေမရိကန္ျပည္သူေတြ ေဘးအႏၲရာယ္ကင္းဖို႔ အေလးမထားတာကို ေဖာ္ျပထားပါတယ္” ဟု ႏွာေခါင္းစည္းမ်ား အေရာင္းအဝယ္စာခ်ဳပ္ကို စုံစမ္းစစ္ေဆးခဲ့သည့္ အက္ဖ္ဘီအိုင္ စုံေထာက္ ေဒါက္ဂလပ္စ္ေကာ္စကီးက ေျပာသည္။

Unicode

အမေရိကန်နိုင်ငံတစ်ဝန်း COVID-19 ကပ်ရောဂါ မြန်ဆန်စွာ ဖြစ်ပွားခဲ့သည့် ဧပြီလအတွင်း နှာခေါင်း စည်းအတု ငါးသိန်းနီးပါးနှင့် စံချိန်မမှီသော N95 အသက်ရှူစက်များကို အမေရိကန်ဝယ်ယူသူများထံ ရောင်းချမှု ကြောင့် အမေရိကန် တရားရေးဝန်ကြီးဌာနက တရုတ်ကုမ္ပဏီတစ်ခုကို တရားစွဲဆိုလိုက်ကြောင်း သိရပါသည်။

တင်ပို့ခဲ့သည့် နှာခေါင်းစည်း ၄၉၅၂၀၀ ခုမှာ N95 အဆင့်အတန်းရှိ နှာခေါင်းစည်များဖြစ်သလို အမေရိကန် အမျိုးသား ဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းက အသိအမှတ်ပြုထားကြောင်း တရုတ် ကုမ္ပဏီက ပြောကြားသည်။တရုတ်နိုင်ငံမှ အဆိုပါ စံချိန်မမှီ နှာခေါင်းစည်းများတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကျော် ကုန်ကျခဲ့ကြောင်း တရားရေးဝန်ကြီးဌာန၏ တိုင်ကြားချက်က ဖော်ပြခဲ့သည်။

“ဒီစွဲချက်တွေအရ တိုင်ကြားချက်မှာ အမေရိကန်ပြည်သူတွေ ဘေးအန္တရာယ်ကင်းဖို့ အလေးမထားတာကို ဖော်ပြထားပါတယ်” ဟု နှာခေါင်းစည်းများ အရောင်းအဝယ်စာချုပ်ကို စုံစမ်းစစ်ဆေးခဲ့သည့် အက်ဖ်ဘီအိုင် စုံထောက် ဒေါက်ဂလပ်စ်ကော်စကီးက ပြောသည်။