မန္တလေး – လားရှိုး ကားလမ်း ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တောစပ်တွင် ယာဉ်မောင်း (၁)ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး –  လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ် ရှိ ဂုတ်တွင်းလမ်း၊ ကျောက်မဲ ရေကန် အနီးရှိ တောစပ် တွင် ဇွန်လ (၁၁) ရက် (ယနေ့) နံနက် (၆)နာရီခန့် က ယာဉ်မောင်း (၁)ဉီး ကြိုးဆွဲ ချ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။အဆိုပါ ကြိုးဆွဲချသေဆုံးသူမှာ မူဆယ်ခရိုင်၊ကွတ်ခိုင်မြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ ယခင်က ယာဉ်မောင်း တစ်ဉီးဖြစ်ကြောင်းသိရသည်။ ယခုဖြစ်စဉ် မှာ ကားကြုံလိုက်စီးခဲ့ပြီးနောက် ဂုတ်တွင်းအရောက်တွင် ၎င်းလိုက်ပါစီးနင်းလာသော ယာဉ်အား ခေတ္တရပ်ခိုင်းကာ တောအုပ် အတွင်းသို့ ဝင်ပြီး မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

“ သူက တော့ အရင်က ယာဉ်မောင်း (၁)ဦးပဲ။အခုက တော့ သူ့ကားထားခဲ့ပြီး သူများကားနဲ့ လိုက် လာ တယ်လို့ပြောတယ်။အဲ ဂုတ်တွင်း နားရောက် တော့ ကားဆရာကိုပြောတာ။သူ အပြင်ခဏသွားချင်တယ်လို့ ပြောတယ်တဲ့။အဲ့ဒါနဲ့ ကားဆရာက ခဏရပ်ပေး လိုက်တော့ သူကတောထဲ ဝင်သွားတယ်တဲ့။ တစ်နာရီ လောက်ကြာတယ်တဲ့ ။အဲတာနဲ့ ကားဆရာတွေက ခြေရာအတိုင်းလိုက်ပြီး သွားကြည့်တော့ သစ်ပင်ပေါ်မှာ သွပ်နန်းကြိုးနဲ့ ကြိုးဆွဲချ သေဆုံးနေတယ်လို့ပြောတယ်။’” ဟု ကြိုးဆွဲချသေဆုံးသူအား သွားရောက် သယ်ဆောင်ကာ ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် နောင်ပိန်ကျေးရွာ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ဦးနေအောင် က ပြောသည်။

သေဆုံးသူ သည် ကွတ်ခိုင် မြို့ ၊ရပ်ကွက် (၅) နေ မောင်ဟန်ဝင်း ၊အသက် (၃၈) နှစ် ဖြစ် ပြီး ၎င်းမှာ ဂုတ်တွင်း လမ်းမှ တောင်စောင်း အ တိုင်း ကိုက် (၂၀၀) ခန့်အကွာအ ဝေးရှိ သစ်ပင်ပေါ်တွင် ကြိုးဆွဲ ချ သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကြိုးဆွဲချ သေဆုံးသူ အား နောင်ပိန် ကျေးရွာ ကမ်းလင့်လက် များ လူမှုကူညီရေးအသင်းမှ တောအုပ်အတွင်းရှိ သစ်ပင်ပေါ်မှ လမ်းမပေါ်သို့ ခက်ခက်ခဲခဲ သယ်ဆောင် ကာ ကျောက်မဲ ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ကြိုးဆွဲချသေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲ မြို့နယ် ၊နောင်ပိန် ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိ နေကြောင်းသိရသည်။

crd:Eleven media