မြော က်ကိုရီးယား ရဲ့ အဓိပ္ပာယ် မဲ့ လုပ်ရပ်တွေ ကို ဆက် သည်းမခံနိုင်တော့ဘူး လို့ တောင်ကိုရီးယားပြောပြီ

တောင် ကိုရီးယားသမ္မတ မွန်ဂျေးအင်အပေါ် မကြာသေးမီအချိန်အတွင်း မြောက်ကိုရီးယားက ဝေဖန်ပြောဆိုမှုဟာ အဆင်အခြင်ကင်း မဲ့တာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ အဓိပ္ပါယ်မဲ့လုပ်ရပ်တွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ တောင်ကိုရီးယားသမ္မတအိမ်တော်က ထုတ် aဖ်ာပြောဆိုလိုက်ပါတယ်။မြော က်ကိုရီးယားနယ်မြေဘက်ခြမ်းရှိ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲ လိုက် ပြီးနောက်တစ်နေ့မှာ တောင်ကိုရီးယားသမ္မတအိမ်တော်က ဒီလို မှတ်ချက်ပြု ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူကင်ယိုဂျွန်းရဲ့ တောင်ကိုရီးယားသမ္မတအပေါ် ဝေဖန်မှုတွေဟာ ရိုင်းပျ၊ ဆင်ခြင် ဉာဏ်ကင်းမဲ့ပြီး ခေါင်းဆောင်နှစ်ယောက် တည်ဆောက်ထားတဲ့ ယုံကြည်မှုရဲ့ အခြေခံကို ထိခိုက်စေတယ်လို့ တောင်ကိုရီးယား သမ္မတ အိမ်တော်ပြောခွင့်ရသူ ယွန်ဒိုဟန်ကပြောပါတယ်။တောင်ကိုရီးယားသမ္မတဟာ သူ့ရဲ့အမျိုးသား လုံခြုံရေးအကြံပေးနဲ့ ထောက်လှမ်းရေး အကြီးအကဲကို မြောက်ကိုရီးယားသို့ အထူးကိုယ်စားလှယ်တွေအဖြစ် စေလွှတ်ဖို့ ဇွန် ၁၆ ရက်မှာ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဒါဟာ ပရိ ယာယ် ပါတဲ့ မကောင်းတဲ့ အဆိုပြုချက်ဆိုပြီး ကင်ဂျုံအန်ရဲ့ညီမ ကင်ယိုဂျုံက ပယ်ချခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န် အေ သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားရဲ့ဖောက်ခွဲတဲ့လုပ်ရပ်ကြောင့် တောင်-မြောက်ကိုရီးယားဆက်ဆံရေးတာဝန်ယူရတဲ့ တောင်ကိုရီးယားပြန်လည် ပေါင်း စည်း ရေးဝန်ကြီး ကင်ယောင်ချောလည်း ရာထူးကနေနုတ်ထွက်သွားပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးပိုဆိုးလာလို့ တာဝန်ယူ တဲ့ အနေ နဲ့ နုတ်ထွက်တာလို့ ကင်ယောင်ချောကပြောပါတယ်။ဒီနေ့မနက်ပိုင်း မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာရဲ့ ဖော်ပြချက်မှာတော့ တောင်ကို ရီးယားနိုင်ငံဟာ ၂၀၁၈ ကိုရီးယား ၂ နိုင်ငံ သဘောတူညီချက်တွေကိုချိုးဖောက်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး ကင်ယိုဂျွန်း ကတော့ မွန်းဂျေအင်းဟာ အမေရိကန်ရဲ့ ကပ်မြှောင်လို့ စွပ်စွဲပြောဆိုပါတယ်။

တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ အရည်အချင်းမရှိမှုနဲ့ တာဝန်ခံမှုမရှိတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်နိုင်ငံအကြား ပြဿနာ ဖြေရှင်း ရေး ဟာ ဖြစ်နိုင်ဖွယ်မရှိကြောင်း၊ တောင်ကိုရီးယားဘက်က ထိုက်သင့်တဲ့ ပြန်လည်ပေးဆပ်မှုရှိမှသာ အဆုံးသတ်နိုင်မယ်လို့ မြောက်ကိုရီးယား ဖက်က ပြောကြားပါတယ်။