အွန် လိုင်း မှာ အရမ်း နာမည်ကြီးနေ တဲ့ FaceApp မသုံး ခင် ဒီစာေ လး အရင် ဖတ်လိုက်ပါ

ဒါဖတ်ပြီးမှ FaceApp သုံးပါ။ ဒီကုမ္ပဏီ သည် ရုရှား ကုမ္ပဏီပါ။ ဒီကုမ္ပဏီသည် GDPR (General Data Protection Regulation) ကို လိုက်နာသော ကုမ္ပဏီအဖြစ် စာရင်းသွင်းမထားပါ။ GDPR-compliant မဖြစ်ပါ။ကိုယ်တင်လိုက်တဲ့ ဓာတ်ပုံကို ကိုယ့်ရဲ့ ဖုန်းထဲမှာပဲ သူတို့က ပြုပြင် လိုက်တာ မဟုတ်ပါ။ သူ့တို့ ကုမ္ပဏီရဲ့ ဆာဗာထဲကို လှမ်းပို့ပြီး သိမ်းထားပါတယ်။ (user က တောင်းဆိုရင် ပြန်ဖျက်ပေးမယ်လို့ ပြောပါတယ်။ တစ်ချို့ကလည်း ၄၈ နာရီပဲ သိမ်းထားမယ်လို့ ပြောပါတယ် ဒါပေမယ့် တကယ်ဖျက်မဖျက် သိဖို့ ခဲယဉ်းပါတယ်။ သူတို့က ကိုယ်တောင်း ဆိုရင် ဖျက်ပေးမယ်ဆိုရင်တောင် ဘယ်လို တောင်းဆိုရမလဲ၊ သူတို့ကို ဘယ်လိုဆက်သွယ်ရမလဲ ကိုယ်သိပါသလား)

ဓာတ်ပုံကို ဓာတ်ပုံလို့ပဲ မမြင်ပါနဲ့။ မျက်နှာပါတဲ့ ဓာတ်ပုံဟာ ရှင်းရှင်း ပြောရင် ကိုယ့်ရဲ့ biometric data ပါပဲ။ အခုခေတ် မျက်နှာဒေတာ ဟာ အရင်ခေတ်က လက်ဗွေလို ဖြစ်လာနေပါပြီ။ မျက်နှာနဲ့ ဖုန်းကို ဖွင့်လို့ရပါတယ်။ မျက်နှာနဲ့ windows hello ပါတဲ့ ကွန်ပျူတာထဲကို ဝင်လို့ရပါတယ်။ ကိုယ့်ရဲ့ လက်ဗွေကို ရုရှား ကုမ္ပဏီကို ဘယ်သူမှ အတင်းအဓမ္မ မခိုင်းဘဲ ပေးပို့သလို ဖြစ်နေပါတယ်။ ကိုယ့်ပို့နေတာ မှုန်တိမှုန်ဝါး ဂရုဖိုတို မဟုတ်ပါ။ ကိုယ့်မျက်နှာသီးသန့်ရိုက်ထားတဲ့ high resolution image ပါ။

FaceApp ကို သုံးပြီဆိုတာနဲ့ ကိုယ့်ရဲ့ အမည်၊ အလုပ်အကိုင်၊ အသက်၊ တည်နေရာ၊ ကြိုက်နှစ်သက်သော အရာများ၊ ရောက်ရှိခဲ့သော နေရာများ၊ ကိုယ့်မျက်နှာ ဒေတာ အစရှိတဲ့ ကိုယ်ရေးအချက်အလက်တွေကို ကုမ္ပဏီကို ပေးသုံးဖို့ သဘောတူညီပြီးသား ဖြစ်သွားပါပြီ။

ဖတ်ကြည့်ပါ။ FaceApp ရဲ့ user agreement ပါ။ အင်မတန် လန့်ဖွယ်ပါ။ You grant FaceApp “a perpetual, irrevocable, nonexclusive, royalty-free, worldwide, fully-paid, transferable, sub-licensable license to use, reproduce, modify, adapt, publish, translate, creative derivative works from, distribute, publicly perform and display your User Content, and any name, username or likeness provided in connection with your User Content in all media formats and channels now known or later developed, without compensation to you.”

perpetual – ကိုယ့်ဒေတာကို ခဏ ပေးတာ မဟုတ်။ တစ်သက်လုံး ပေးရတော့မှာ irrevocable – ပေးပြီးရင် စိတ်ပြောင်းပြီး ဘွာတေးခတ်မရ၊ ပေးပြီးရင် အဲဒါ အတည်ပဲ။ royalty-free – ဒီကုမ္ပဏီကို ပေးသုံးတာကြောင့် ပိုက်ဆံရမည် မဟုတ်။ အလကား ပေးပစ်လိုက်တာ worldwide – ကုမ္ပဏီက ကိုယ့်ဒေတာ ကို ရုရှားမှာတင် မဟုတ်။ တစ်ကမ္ဘာလုံး ကြိုက်တဲ့နေရာမှာ သုံးခွင့်ရှိတယ်။ transferable – ဒီကုမ္ပဏီက ကိုယ့်ဒေတာကို နောက်ထပ်ကုမ္ပဏီတစ်ခုကို လက်ပြောင်းလက်လွှဲ လုပ်ခွင့်ရှိ။

sub-licensable – ကိုယ့်ဒေတာကို တစ်ခြားဆီကို လိုင်စင် နဲ့တကွ ကုမ္ပဏီက ရောင်းစားခွင့်ရှိ modify, adapt, publish, translate, creative derivative works from – ကိုယ့်ပုံကို ပုံတူကူးခွင့်သာ မက သူတို့ ကြိုက်သလို ပြင်ဆင်ခွင့်ရှိ၊ (ယုတ်စွအဆုံး ကိုယ့်မျက်နှာ ကို ဝတ်လစ်စလစ် ဘော်ဒီနဲ့ ဖိုတိုရှော့ လုပ်လည်းရ) distribute, publicly perform and display your User Content – ကိုယ့်ပုံကို၊ သူတို့ စိတ်ကြိုက်ပြုပြင်ထားတဲ့ ကိုယ့်ပုံကို သူတို့ကုမ္ပဏီအနေနဲ့ လမ်းဘေးမှာ ဆိုင်းဘုတ်ထောင်ပြီးလည်း ပြခွင့်ရှိ။ all media formats and channels now known or later developed – လမ်းဘေး ဆိုင်းဘုတ်သာမက တီဗီ၊ သတင်းစာ၊ ဂျာနယ်၊ယူကျုအပါအဝင် ရှိရှိသမျှ မီဒီယာ ချန်နယ်အားလုံးမှာ ပြလို့ရ။ အခုမရှိသေးဘဲ နောင်မှပေါ်လာတဲ့ ချန်နယ် မှာလည်း ပြလို့ရ. without compensation to you – ဘယ်လိုပြပြ ကိုယ်က ပိုက်ဆံ ရမည်မဟုတ်။ FB နဲ့ IG မှာလည်းပုံတွေတင်တာဘဲ ဆိုပြီးရောထွေးမတွေးသင့်ပါ။ Face App ဟာ ရုရှားအခြေစိုက်ဖြစ်ပြီး Fb နဲ့ IG ကအမေရိကန် အခြေစိုက်ဖြစ်ပါတယ်။ သူတို့တွေက သုံးစွဲသူတွေအပေါ် အခွင့်အရေးချိုးဖောက်မှုမျိုးလုပ်ဖို့ဆိုတာ သူတို့ဘရမ်း ရဲ့ပုံရိပ်နဲ့တင်ဖြစ်စရာမရှိပါ။

အမုန်းစကားဖြန့်တာကို မကိုင်တွယ်နိုင် လို့တောင် ဇူကာဘတ်ကို ဆီနိတ်မှာခေါ်ကြိတ်တာ အားလုံးအသိပါ။ FB /IG ကတောင်းတဲ့ user agreement နဲ့ Face App ကတောင်းတဲ့ user agreement က လည်းမတူပါ။ သုံးသင့် မသုံးသင့် ဆရာကြီး လုပ်ဖို့ မရည်ရွယ်ပါခင်ဗျား။ အချက်အလက်များ တင်ပြရုံသာ။ ကိုယ်သာလျှင် ကိုယ့်ဒေတာ ရဲ့ ပဲ့ကိုင်မို့ ကိုယ်တိုင်ဆုံးဖြတ်ပါ။