Covid 19 ဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းအတွင်းသို့ တောင်ကိုရီးယား ပြန်လည်ရောက်ရှိ

တောင်ကိုရီးယား တွင် ကူးစက်မှုနှုန်း နည်းသွား ပြီဖြစ် သော် လည်း Covid 19 ဗိုင်းရပ်စ် ဒုတိယ လှိုင်းအတွင်း သို့ ဝင်ရောက် လာ ပြီဖြစ်ကြောင်း တောင်ကိုရီးယား ကျန်းမာရေး အရာရှိများ က ပြောကြား သတိပေးလိုက် သည်။တောင်ကိုရီးယားသည် ဗိုင်းရပ်စ် ထိန်း ချုပ် ရာတွင် ထူးချွန်အောင်မြင်သော နိုင်ငံဟု နာမည်ကောင်းရသော်လည်း ကူးစက်မှုကပ်ဘေးက လအတန်ကြာ ဆက်ရှိနေမည်ဟု မျှော်လင့် ယူဆရသည်။

ပထမလှိုင်း သည် ဧပြီလ အတွင်းက ပြီးဆုံးသွား ခဲ့ကြောင်း တောင် ကိုရီးယား ရောဂါ ထိန်းချုပ် ရေးဌာန အကြီး အကဲ ဂျွန်အွန်ကျောင်း က ပြောကြားသည်။ မေလမှ စ၍ ဆိုးလ် မြို့ ရှိ နိုက် ကလပ် များ မှ ကူး စက်ခြင်း အပါ အဝင် အုပ်စု လိုက် တွေ့ရှိခြင်း များ ပြန် လည် စတင် ခဲ့ခြင်း ဖြစ် သည်။

အဆို ပါ ကာလ မတိုင် ခင် နေ့စဉ် တွေ့ရှိမှု အရေ အတွက် သည် တစ်ထောင် မှ သုည အထိ ဆင်းသက် လာခဲ့ရာမှ နောက် ပိုင်း ပြန်လည် တွေ့ရှိ နေခြင်း ဖြစ် သည်။ပြီးခဲ့သည့် ၂၄ နာရီအတွင်းက ကူးစက်ခံရမှု ဖြစ်စဉ်အသစ် ၁၇ ခုတွေ့ရှိ ခဲ့ပြီး ရုံးကြီးများ၊ ဂိုဒေါင်များမှ တွေ့ရှိရခြင်း ဖြစ်သည်။တောင်ကိုရီးယားသည် ဒုတိယ လှိုင်းအတွင်းသို့ ရောက်ရှိနေပြီး ယခုပုံစံအတိုင်း ဆက်သွားနေမည်ဟု မျှော်လင့်ရကြောင်း ဂျွန်အွန်ကျောင်းကဆိုသည်။

ပထမ လှိုင်း သည် လုံးလုံး လျားလျား ပျောက်ကွယ် သွားခြင်းမဟုတ် ကြောင်းလည်း ၎င်းက သတိပေးပြောကြားသေးသည်။ အများပြည်သူ နေရာများ ဖြစ်သည့် ပြတိုက်၊ စာကြည့်တိုက်စသည့် နေရာများတွင် လူစုလူဝေးလုပ်ခြင်းများကို ပြန်လည်တားမြစ် လိုက်ပြီဖြစ်သည် ။ လူမှုဘဝ ခပ်ခွာခွာနေ ရန် စည်းမျဉ်းများ ပြန်လည်တင်းကျပ်လိုက်ပြီဟု မြို့တော်ဆိုးလ်၏ မြို့တော်ဝန်ကလည်း သတိပေးလိုက်သည်။

crd:The voice