ေက်ာ္ခ်က္ၿပီးသား ဆီကို ျပန္သုံး တာ ဟာ ႏွလုံးေရာ ဂါ ေလျဖတ္ေ ရာဂါ ႏွင့္ ကင္ဆာ တို႔ ကို ျဖစ္ေစႏိုင္ တဲ့ အေၾကာင္းအရင္း

တစ္ခုခုေၾကာ္ၿပီးတဲ့ဆီကို ျပန္ၿပီး အပူေပးလိုက္တဲ့အခါ အဲဒီဆီကအဆိပ္အျဖစ္ ေျပာင္းလဲသြား ပါတယ္။ကြၽန္မတို႔ အိမ္ရွင္မေတြဟာ မဟုတ္တာေလးကို သိပ္ကန႔္တြက္ၾကပါတယ္။ ၾကက္ဥေၾကာ္ လိုက္လို႔ပဲျဖစ္ျဖစ္ ပိုေနတဲ့ ဆီေတြကို အ႐ြက္တစ္ခုခုေၾကာ္ဖို႔အတြက္ ျပန္ၿပီးအသုံးျပဳ တတ္ၾကပါတယ္။ကိုယ္သုံးေနတဲ့ဆီဟာ ဟင္းသီးဟင္း႐ြက္က ထုတ္တဲ့ ဆီျဖစ္ေနရင္ ပိုလို႔ ေတာင္ေရွာင္က်ဥ္ေပးသင့္ပါတယ္။

အိမ္ရွင္မတို႔ရဲ႕ လက္ထဲမွာ မိသားစုတစ္ခုလုံးရဲ႕ က်န္းမာေရး ပုံအပ္ခံထားရတယ္ဆိုတာ မေမ့ပါနဲ႔ေနာ္။ တစ္ခုခုေၾကာ္ၿပီးလို႔ ပိုတဲ့ဆီကို ျပန္သုံးတာဟာ ႏွလုံးေရာဂါ ေလျဖတ္ေရာဂါ နဲ႔ ကင္ဆာေတြကို ျဖစ္ေပၚေစပါတယ္။ေလ့လာေတြ႕ရွိမႈအရ ပဲဆီ ေျပာင္းဆီ ေနၾကာဆီအျပင္ တျခား အသီးအႏွံကရတဲ့ဆီေတြကို ျပန္ၿပီး အသုံးျပဳတာဟာ အက္ဆစ္ တစ္မ်ိဳးကို ျဖစ္ေပၚေစၿပီး က်န္းမာေရးဆိုင္ရာ ျပႆနာ အမ်ိဳးမ်ိဳးကို ျဖစ္ေပၚေစပါတယ္။

ဥပမာ အယ္လ္ဇိုင္းမား၊ အသည္း၊ တျခားေရာဂါေတြကို ျဖစ္ေပၚေစ ပါတယ္။ က်န္းမာေရး ပညာရွင္ေတြက အသီးအ႐ြက္က ထုတ္လုပ္တဲ့ဆီေတြကို မၾကာခဏ အပူျပန္ေပးၿပီးခ်က္တာမ်ိဳးမလုပ္ဖို႔ သတိေပးထားပါတယ္။အိမ္ရွင္မတို႔ေရ ဘာမဟုတ္တာေလးနဲ႔ မိသားစုက်န္းမာေရးကို အထိခိုက္မခံပါနဲ႔ေနာ္။ တစ္ခါေၾကာ္ၿပီးသား ဆီကို ျပန္မသုံးပါနဲ႔။

myhealthmyanmar

unicode

တစ်ခုခုကြော်ပြီးတဲ့ဆီကို ပြန်ပြီး အပူပေးလိုက်တဲ့အခါ အဲဒီဆီကအဆိပ်အဖြစ် ပြောင်းလဲသွား ပါတယ်။ကျွန်မတို့ အိမ်ရှင်မတွေဟာ မဟုတ်တာလေးကို သိပ်ကန့်တွက်ကြပါတယ်။ ကြက်ဥကြော် လိုက်လို့ပဲဖြစ်ဖြစ် ပိုနေတဲ့ ဆီတွေကို အရွက်တစ်ခုခုကြော်ဖို့အတွက် ပြန်ပြီးအသုံးပြု တတ်ကြပါတယ်။ကိုယ်သုံးနေတဲ့ဆီဟာ ဟင်းသီးဟင်းရွက်က ထုတ်တဲ့ ဆီဖြစ်နေရင် ပိုလို့ တောင်ရှောင်ကျဉ်ပေးသင့်ပါတယ်။

အိမ်ရှင်မတို့ရဲ့ လက်ထဲမှာ မိသားစုတစ်ခုလုံးရဲ့ ကျန်းမာရေး ပုံအပ်ခံထားရတယ်ဆိုတာ မမေ့ပါနဲ့နော်။ တစ်ခုခုကြော်ပြီးလို့ ပိုတဲ့ဆီကို ပြန်သုံးတာဟာ နှလုံးရောဂါ လေဖြတ်ရောဂါ နဲ့ ကင်ဆာတွေကို ဖြစ်ပေါ်စေပါတယ်။လေ့လာတွေ့ရှိမှုအရ ပဲဆီ ပြောင်းဆီ နေကြာဆီအပြင် တခြား အသီးအနှံကရတဲ့ဆီတွေကို ပြန်ပြီး အသုံးပြုတာဟာ အက်ဆစ် တစ်မျိုးကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာ အမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။

ဥပမာ အယ်လ်ဇိုင်းမား၊ အသည်း၊ တခြားရောဂါတွေကို ဖြစ်ပေါ်စေ ပါတယ်။ ကျန်းမာရေး ပညာရှင်တွေက အသီးအရွက်က ထုတ်လုပ်တဲ့ဆီတွေကို မကြာခဏ အပူပြန်ပေးပြီးချက်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။အိမ်ရှင်မတို့ရေ ဘာမဟုတ်တာလေးနဲ့ မိသားစုကျန်းမာရေးကို အထိခိုက်မခံပါနဲ့နော်။ တစ်ခါကြော်ပြီးသား ဆီကို ပြန်မသုံးပါနဲ့။

myhealthmyanmar