COVID 19 ကပ်ရောဂါ ကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများ၏ စိတ်ကျန်းမာရေး ဆိုင်ရာ အခြေအနေများကို သုတေသန လုပ်မည်

ရန်ကုန် တိုင်းဒေသ ကြီး တွင် COVID 19 ကာလ အတွင်း ပြည်သူများ အကြား စိတ် ကျန်း မာရေး ဆိုင်ရာ ဖြစ်ပွားမှု အခြေအ နေ ကို သုတေသ နပြုလုပ် သွား မည်ဖြစ် ကြောင်း စိတ် ကျန်းမာ ရေးစီမံချက် မန်နေဂျာ ပါမောက္ခ ဒေါက်တာ တင်ဦး က ပြော သည်။ ယခု ကာလ အတွင်း ပြည်သူ များအကြား စိတ်ဖိစီးမှု၊ စိုးရိမ် စိတ်၊ စိတ်ကျရောဂါနှင့် စိတ် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားမှု အခြေအ နေကို ဆန်းစစ် မှု သုတေသနပြု လုပ် သွားရန် စီစဉ် ထားသည် ဟု ၎င်း က ပြောသည် ။

ထို့ အပြင် ကျန်းမာ ရေးနှင့် အားကစား ဝန် ကြီး ဌာန၊ ပညာ ရေးဝန် ကြီးဌာ နနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန တို့ ပူး ပေါင်း ၍ ကျောင်း များတွင် COVID 19 ကာလ အတွင်း စိတ်ကျန်း မာရေး ဆိုင် ရာ ပြဿ နာများ ဖြစ် ပွားမှု အခြေအ နေ ကို ဆန်း စစ် ခြင်း သုတေ သန ဆောင် ရွက် ရာ တွင် လည်း စိတ်ကျန်းမာရေးစီမံ ချက်အနေဖြင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ အကြံဉာဏ် များပေး အပ် သွားမည်ဖြစ် သည် ။

အဆို ပါ သုတေ သနကို ကျန်းမာ ရေးနှင့် အားက စားဝန် ကြီးဌာန ၏ သုတေသန ရန်ပုံငွေ  ဖြင့် အမြန်ဆုံးဆောင်ရွက် ရန်နှင့် ယင်း သု တေသနပြုလုပ်ရာ၌ လှိုင် သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ် ရုံမှ ဝန်ထမ်းများ၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့မှ ပြည်သူ များအား ထည့် သွင်းဆန်းစစ်ရန် ပြည်ထောင်စု ဝန် ကြီး ဒေါက် တာ မြင့်ထွေး က မှာကြား သည်။ ဇွန်လ ၂၅ ရက်က အဆိုပါ သုတေသနပြုလုပ်ရန် စိတ်ကျန်း မာရေးနှင့် စီမံချက်အဖွဲ့မှ ဝန် ကြီး အား လာရောက် တင်ပြ ရာ တွင် အထက်ပါအ တိုင်းမှာ ကြားခဲ့ ခြင်း ဖြစ် သည်။

‘‘ဆေးတက္က သိုလ် တွေမှာ ရှိ တဲ့ စိတ်ကျန်းမာရေး ပညာဌာန တွေ မှာ ကထိကနဲ့ လက်ထောက် ကထိ ကတွေ ပိုမို တာဝန်ချ ထား ပေးဖို့၊ က လေးနှင့် လူငယ် လူရွယ် စိတ်ကျန်း မာရေး စောင့်ရှောက် မှု ဌာန ဖွင့် လှစ် ဖို့၊ နေရာ ရရှိဖို့ ကိစ္စ တွေ ကိုလည်း စီစဉ်ဖြည့် ဆည်း ပေးပါ မယ် ။ စိတ်ကျန်း မာရေး စောင့်ရှောက် မှု လုပ်ငန်း တွေကို ဝန်ကြီးဌာနက အတတ်နိုင်ဆုံးပံ့ ပိုးပေးသွားပါမယ်’’ဟု ဝန်ကြီးက ပြောသည်။ မြန်မာနိုင်ငံတွင် စိတ်ကျန်း မာရေးဆိုင်ရာမူဝါဒနှင့် မဟာဗျူ ဟာ စီမံချက် ၂၀၂၀-၂၀၂၄ ကို လည်း ထုတ်ပြန် နိုင် ရ်န် စီစဉ် လျက် ရှိပြီး စိတ် ကျန်းမာရေး ဆိုင် ရာဥပဒေ (မူကြမ်း) ကို လည်း ရေး ဆွဲ ထား သည်။

crd:7day news