တ႐ုတ္ကြန္ျမဴနစ္ ပါတီ ေခါင္းေဆာင္အခ်ိဳ ့ကို အေမရိ ကန္ ျပည္ဝင္ ခြင့္ ကန႔္သတ္လို က္ျပီ

ေဟာင္ေ ကာင္အား လုံၿခဳံေရး ဥပေဒသစ္ ခ်မွတ္မႈႏွင့္ ပတ္သက္ၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီ ေခါင္းေဆာင္တခ်ိဳ႕ကို အေမရိကန္ႏိုင္ငံဆိုင္ရာ ျပည္ဝင္ခြင့္ ကန႔္သတ္လိုက္ၿပီျဖစ္သည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယိုက ေျပာဆိုသည္။ ”ဒီကိစၥမွာ ပါဝင္ပတ္သက္မႈ ရွိေနတယ္လို႔ ထင္ရတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီ ေခါင္းေဆာင္တခ်ိဳ႕ကို ျပည္ဝင္ခြင့္ ကန႔္သတ္မႈေတြ ျပဳလုပ္လိုက္ၿပီလို႔ ဒီကေန႔ ကြၽန္ေတာ္ ေၾကညာပါတယ္။ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အာဏာကို ယိမ္းယိုင္သြားေအာင္ လုပ္လိုက္တဲ့အတြက္ေပါ့” ဟု ပြန္ပီယိုက ေျပာဆိုသြားခဲ့သည္။

ေဟာင္ေကာင္အတြက္ လုံၿခဳံေရးဥပေဒအသစ္ကို ေဘဂ်င္းက အသက္သြင္းရန္ ႀကိဳးစားလာသည့္ အခ်ိန္မွ စတင္ၿပီး ေဟာင္ေကာင္၌ ဆႏၵျပပြဲမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားလာခဲ့ၿပီး ၿပီးခဲ့သည့္ ေမလထဲတြင္ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ ရွိေနသည့္ ၾကား ကပင္ လူစုလူေဝးျဖင့္ ဆႏၵျပမႈမ်ား ရွိခဲ့သည္။ ထို႔အျပင္ တ႐ုတ္အစိုးရသည္ ဆႏၵျပမႈအား ဦးေဆာင္ေသာ ေက်ာင္းသားေခါင္းေဆာင္တခ်ိဳ႕ ကိုလည္း ဖမ္းဆီးထိန္းသိမ္းမႈမ်ား ရွိခဲ့သည္။

ထို႔ေၾကာင့္ လူ႔အခြင့္အေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားကလည္း တ႐ုတ္အစိုးရ၏ ကိုင္တြယ္ပုံ အေပၚတြင္ ေဝဖန္မႈမ်ား ရွိလာေနၿပီျဖစ္သည္။ တ႐ုတ္အစိုးရသည္ ေဟာင္ေကာင္အတြက္ လုံၿခဳံေရးဥပေဒသစ္ကို ျပဌာန္းၿပီး ေဘဂ်င္းမွ ေန၍ တိုက္႐ိုက္အုပ္ခ်ဳပ္ရန္ ႀကိဳးစားျခင္းျဖစ္သည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …….Chorus News

unicode

ဟောင်ေ ကာင်အား လုံခြုံရေး ဥပဒေသစ် ချမှတ်မှုနှင့် ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တချို့ကို အမေရိကန်နိုင်ငံဆိုင်ရာ ပြည်ဝင်ခွင့် ကန့်သတ်လိုက်ပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောဆိုသည်။ ”ဒီကိစ္စမှာ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ထင်ရတဲ့ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တချို့ကို ပြည်ဝင်ခွင့် ကန့်သတ်မှုတွေ ပြုလုပ်လိုက်ပြီလို့ ဒီကနေ့ ကျွန်တော် ကြေညာပါတယ်။ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ယိမ်းယိုင်သွားအောင် လုပ်လိုက်တဲ့အတွက်ပေါ့” ဟု ပွန်ပီယိုက ပြောဆိုသွားခဲ့သည်။

ဟောင်ကောင်အတွက် လုံခြုံရေးဥပဒေအသစ်ကို ဘေဂျင်းက အသက်သွင်းရန် ကြိုးစားလာသည့် အချိန်မှ စတင်ပြီး ဟောင်ကောင်၌ ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး ပြီးခဲ့သည့် မေလထဲတွင် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရှိနေသည့် ကြား ကပင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများ ရှိခဲ့သည်။ ထို့အပြင် တရုတ်အစိုးရသည် ဆန္ဒပြမှုအား ဦးဆောင်သော ကျောင်းသားခေါင်းဆောင်တချို့ ကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုများ ရှိခဲ့သည်။

ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကလည်း တရုတ်အစိုးရ၏ ကိုင်တွယ်ပုံ အပေါ်တွင် ဝေဖန်မှုများ ရှိလာနေပြီဖြစ်သည်။ တရုတ်အစိုးရသည် ဟောင်ကောင်အတွက် လုံခြုံရေးဥပဒေသစ်ကို ပြဌာန်းပြီး ဘေဂျင်းမှ နေ၍ တိုက်ရိုက်အုပ်ချုပ်ရန် ကြိုးစားခြင်းဖြစ်သည်။

လေးစားစွာဖြင့် ခရစ်ဒက် …….Chorus News