တရုတ္ နဲ႔ အိႏိၵယ အလံုး စံု စစ္ပြဲအတြ က္ စစ္ျပင္ေနၾကၿပီ (ႏွစ္ ဖက္ ေလတပ္မ်ား အသင့္ျပင္ထား)

တ႐ုတ္ႏို င္ငံနဲ႔ နယ္စပ္တင္းမာမႈေတြ႐ွိေနတဲ့ လာဒါ့ေဒသမွာ တံု႔ျပန္မႈျမန္ဆန္တဲ့ အဆင့္ျမင့္ေလေၾကာင္းရန္ကာကြယ္ေရးဒံုးပ်ံစနစ္ အာကတ္႐ွ္ေတြကို အိႏိၵယဘက္က ျဖန္႔က်က္ေနရာခ်ထားပါတယ္။တ႐ုတ္ နဲ႔အိႏိၵယကိုျခားေပးထားတဲ့ အမွန္တကယ္ထိန္းခ်ဳပ္ နယ္ေျမမ်ဥ္းတစ္ေလွ်ာက္မွာ တ႐ုတ္ရဲ႕ တိုက္ေလယာဥ္နဲ႔ ရဟတ္ယာဥ္ ေတြလႈပ္႐ွားမႈ႐ွိေနတဲ့ေနာက္ အခုလုပ္ရပ္ျဖစ္လာတာပါ။

အာ ကတ္႐ွ္ေျမျပင္ကေနေ၀ဟင္ပစ္ဒံုးက်ည္ေတြဟာ ျမန္ျမန္ဆန္ဆန္သြားေနတဲ့ တိုက္ခိုက္ေရးေလယာဥ္ေတြနဲ႔ဒ႐ုန္းေတြကို စကၠန္႔အနည္းငယ္အတြင္းပစ္ခ်ႏိုင္ၿပီး ေတာင္တန္းထူထပ္တဲ့ေနရာေတြမွာ ျဖန္႔က်က္ေနရာခ်ထားဖို႔အဆင္ေျပေအာင္လည္း အဆင့္ႁမွင့္ျပဳျပင္ထားၿပီးပါၿပီ။တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ကလည္း ေလေၾကာင္းစိုးမိုးေရးတိုက္ေလယာဥ္ Sukhoi Su-30 ေတြနဲ႔ မဟာ ဗ်ဴဟာေျမာက္ဗံုးႀကဲေလယာဥ္ေတြ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ပို႔လႊတ္ထားပါတယ္။

တ႐ုတ္္ လယာဥ္ေတြဟာ အိႏိၵယ နယ္စပ္ကေန ၁၀ ကီလိုမီတာအေက်ာ္ေလာက္မွာ ပ်ံသန္းေနတာကို အိႏၵိယက ေထာက္လွမ္းမိထားပါတယ္။ ဒါ့အျပင္ အမွန္တကယ္ထိန္းခ်ဳပ္နယ္ေျမမ်ဥ္းနဲ႔ေတာ္ေတာ္နီးနီးမွာ ပ်ံသန္းေနတဲ့ တ႐ုတ္ရဟတ္ယာဥ္ေတြကိုလည္းေတြ႕ရတယ္လို႔ အိႏိၵယစစ္တပ္သတင္းရင္းျမစ္ေတြကေျပာပါတယ္။

ေဒသတစ္ခုလံုးမွာ ျဖန္႔က်က္ေနရာခ်ထားႏိုင္ၿပီး ရန္သူ႔ေလယာဥ္ေတြမပ်ံသန္းႏိုင္ေအာင္ဂ႐ုစိုက္ႏိုင္မယ့္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္တစ္ခုကို မိတ္ဖက္တစ္ႏိုင္ငံကေန ၀ယ္ယူဖို႔႐ွိေနတယ္လို႔လည္းေျပာထားၿပီး အဲဒီစနစ္ဟာ လက္႐ွိအိႏိၵယတပ္မေတာ္ အသံုးျပဳေနၿပီျဖစ္တဲ့ အစၥေရးထုတ္ SPYDER တာတိုကေန တာလတ္ပစ္ေ႐ႊ႕ေျပာင္းေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ျဖစ္ႏိုင္ပါတယ္။အိႏၵိယေလတပ္ဂ်က္တိုက္ေလယာဥ္ေတြဟာလည္း လာဒါ့ေဒသအေ႐ွ႕ပိုင္းမွာ လႈပ္႐ွားေနၾကၿပီျဖစ္ပါတယ္။

unicode

တရုတ်နို င်ငံနဲ့ နယ်စပ်တင်းမာမှုတွေရှိနေတဲ့ လာဒါ့ဒေသမှာ တုံ့ပြန်မှုမြန်ဆန်တဲ့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးဒုံးပျံစနစ် အာကတ်ရှ်တွေကို အိန္ဒိယဘက်က ဖြန့်ကျက်နေရာချထားပါတယ်။တရုတ် နဲ့အိန္ဒိယကိုခြားပေးထားတဲ့ အမှန်တကယ်ထိန်းချုပ် နယ်မြေမျဉ်းတစ်လျှောက်မှာ တရုတ်ရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် တွေလှုပ်ရှားမှုရှိနေတဲ့နောက် အခုလုပ်ရပ်ဖြစ်လာတာပါ။

အာ ကတ်ရှ်မြေပြင်ကနေဝေဟင်ပစ်ဒုံးကျည်တွေဟာ မြန်မြန်ဆန်ဆန်သွားနေတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ဒရုန်းတွေကို စက္ကန့်အနည်းငယ်အတွင်းပစ်ချနိုင်ပြီး တောင်တန်းထူထပ်တဲ့နေရာတွေမှာ ဖြန့်ကျက်နေရာချထားဖို့အဆင်ပြေအောင်လည်း အဆင့်မြှင့်ပြုပြင်ထားပြီးပါပြီ။တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း လေကြောင်းစိုးမိုးရေးတိုက်လေယာဉ် Sukhoi Su-30 တွေနဲ့ မဟာ ဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပို့လွှတ်ထားပါတယ်။

တရုတ်် လယာဉ်တွေဟာ အိန္ဒိယ နယ်စပ်ကနေ ၁၀ ကီလိုမီတာအကျော်လောက်မှာ ပျံသန်းနေတာကို အိန္ဒိယက ထောက်လှမ်းမိထားပါတယ်။ ဒါ့အပြင် အမှန်တကယ်ထိန်းချုပ်နယ်မြေမျဉ်းနဲ့တော်တော်နီးနီးမှာ ပျံသန်းနေတဲ့ တရုတ်ရဟတ်ယာဉ်တွေကိုလည်းတွေ့ရတယ်လို့ အိန္ဒိယစစ်တပ်သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒေသတစ်ခုလုံးမှာ ဖြန့်ကျက်နေရာချထားနိုင်ပြီး ရန်သူ့လေယာဉ်တွေမပျံသန်းနိုင်အောင်ဂရုစိုက်နိုင်မယ့် လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုကို မိတ်ဖက်တစ်နိုင်ငံကနေ ဝယ်ယူဖို့ရှိနေတယ်လို့လည်းပြောထားပြီး အဲဒီစနစ်ဟာ လက်ရှိအိန္ဒိယတပ်မတော် အသုံးပြုနေပြီဖြစ်တဲ့ အစ္စရေးထုတ် SPYDER တာတိုကနေ တာလတ်ပစ်ရွှေ့ပြောင်းလေကြောင်းရန် ကာကွယ်ရေးစနစ် ဖြစ်နိုင်ပါတယ်။အိန္ဒိယလေတပ်ဂျက်တိုက်လေယာဉ်တွေဟာလည်း လာဒါ့ဒေသအရှေ့ပိုင်းမှာ လှုပ်ရှားနေကြပြီဖြစ်ပါတယ်။