တွံတေး သိန်းတန်ရဲ့ နောက်ဆုံး ခရီးအကြောင်း ကို ဆို့နင့်စွာ ပြောပြ ခဲ့ တဲ့ ပထမ ဇနီးဖြစ်သူ အဘွား ဒေါ်ခင်စန်းမြင့်

မြန်မာေ တးသံရှင်အဆိုတော်ကြီးတွံတေးသိန်းတန်ဟာဆိုရင် အခုချိန်ထိပရိတ်သတ်တွေရဲ့ရင်ကိုကိုင်လှုပ်နိုင်စွမ်းရှိသူပဲဖြစ်ပါတယ်။ ကွယ် လွန်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမဲ့လည်းပရိတ်သတ်တွေကတော့အခုချိန်ထိချစ်ခင်အားပေးနေဆဲဖြစ်သလို သူ့ရဲ့ သီချင်း များ ကလည်းယနေ့ထက်တိုင်​အောင်မြင်နေဆဲ လူကြိုက်များနေဆဲပါပဲနော်တွံတေးသိန်းတန်ရဲ့ပထမဇနီးဖြစ်သူ အဘွား ဒေါ်ခင်စန်းမြင့် က တော့ကွယ်လွန်သွားခဲ့တဲ့ခင် ပွန်းဟောင်းနဲ့ပက်သက်ပြီးအမှတ် တရတွေထဲကတစ်ခုဖြစ်တဲ့ တွံတေးသိန်းတန် ရဲ့​နောက်ဆုံး ခရီးအ ကြောင်း ကိုအခုလိုပဲ​ပြောပြခဲ့ပါတယ်။

အဘွား​ဒေါ်ခင်စန်းမြင့်​ပြောခဲ့ တာကတော့ဦးသိန်းတန် က​ဆေးရုံမှာပဲအန်တီ့လက်ထဲမှာ ပဲဆုံးသွားခဲ့တာ အမျိုးတော်တဲ့ သူရော အမျိုးမ တော်တဲ့ သူရောအသုဘကိုလိုက်ပို့ကြတာပေါ့ဦးသိန်းတန်ကို တော်တော်ကို ချစ်ကြတာပါ လူတွေကလည်း အများကြီးပဲ အဲ့ဒီ့ အချိန် အန်တီ ကလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူးဆိုကာ တွံတေးသိန်းတန်ရဲ့​နောက်ဆုံးခရီးမှာပရိတ်သတ်တွေအများအပြား လိုက် ပါပို့ဆောင်ပေးခဲ့တဲ့အကြောင်းကို​ပြောပြခဲ့ပါတယ်။ အဘွား​ဒေါ်ခင်စန်းမြင့်ကလက်ရှိမှာ​ရွှေပေါက္ကံမှာ​နေထိုင် နေတာနဲ့ပက်သက်ပြီး တော့ လည်းအခုလိုပဲဆက်လက်ပြောပြခဲ့ပါတယ်အခု​ရွှေပေါက္ကံမှာ​နေတော့လည်းသားသမီးတွေကိုနင်တို့အဖေနဲ့ နီးနီးလေးပဲ လို့ငါဒီမှာ ပဲ ​နေတော့မယ်ဆိုပြီး​ပြောဖြစ်တယ်တကယ် လည်းအုတ်ဂူနဲ့နီးနီးလေးပဲသွားလိုက်ရင်ကားခမကုန်တော့ဘူး  ..

အစကတော့အကုန်လုံးကဂူ မသွင်းတော့ဘူး လုပ်ကြတာအန်တီက ဂူသွင်းဖြစ်အောင် သွင်းမယ်ဆိုပြီးလုပ်လို့အခု လိုအုတ်ဂူလေး ရှိနေတာပေါ့နော်မဟုတ်ရင် တော့လည်း မြောင်းထဲရောက်နေမှာ ပေါ့လိုဆိုကာခင်ပွန်းဟောင်းရဲ့​နောက်ဆုံးလဲလျောင်းရာအနီးနားမှာပဲ ဆက်လက်နေထိုင်ဖြစ်တယ် လို့​ပြောခဲ့ပါတယ်တွံတေးသိန်းတန်ရဲ့ပရိတ်သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ် နော်။