တရားဟော ဆရာ စောဒေးဗစ်လား အမှု မရမ်းကုန်းမြို့နယ်တရားရုံး၌ ဇူလိုင် (၂)ရက်နေ့တွင်  စွဲချက်တင်၊ မတင်  အမိန့်ချမှတ်မည်

တရားဟော ဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်) တို့အား သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ – ၂၅ဖြင့် စွဲချက် တင်၊ မတင် လာမည့် ဇူလိုင် (၂)ရက် တွင် အမိန့်ချမည် ဖြစ်ကြောင်း ၎င်း တို့၏ ရှေ့နေ ဦးအောင်ကြည်ဝင်း က ပြော သည်။
ရန် ကုန်မြို့၊ မရမ်းကုန်း မြို့နယ် တရားရုံး၌ ယနေ့ (ဇွန် ၃၀ ရက် )၌ နှစ်ဖက် ရှေ့နေများ က အမှုနှင့် ပတ်သက် ၍ စွဲချက်တင်ရန်သင့် ၊ မ သင့် လျှောက်လဲ ချက် တင်ပြခဲ့ ကြ သည်။

အဆိုပါ အမှု အား ဇွန် (၈)ရက် တွင် မရမ်းကုန်း မြို့နယ် တရားရုံး၌ စတင် စစ် ဆေးခဲ့ပြီး တရားလိုပြ သက် သေ အဖြစ် အဆိုတော် မျိုးကြီး အပါအဝင် လူပုဂ္ဂိုလ် (၁၂)ဦး အား စစ်ဆေး ခဲ့ သည်။ တရားလိုပြသက်သေများ ၏ ထွက်ဆို ချက် အရ လူစုလူဝေးဖြင့် ဟောပြောကြောင်း မျက်မြင် ကိုယ်တွေ့ မရှိသည်ကို တွေ့ရကြောင်း စောဒေးဗစ်လား၏ ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြီးခဲ့သည့် ဇွန် ၁၀ ရက်ရုံးချိန်းတွင် သတင်းမီဒီယာများကို ပြောကြားထားသည်။

ကနေဒါ နိုင်ငံသား ခံယူ ထားသူ ခရစ် ယာန် တရား ဟောဆရာ စောဒေးဗစ် လားနှင့် ဦးဝေ ထွန်း(နဝရတ်) တို့ သည့် ယခုနှစ် မတ်လ အတွင်း မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံး၌ ဧပြီလတွင် တရားစွဲဆိုခံ ထားရ ခြင်းဖြစ် သည် ။

crd:The standard Time

unicode

တရားဟော ဆရာ စောဒေးဗစ််လားနှင့် ဦးဝေထွန်း (နဝရတ်) တို့အား သဘာဝ ဘေး အန္တရာယ်် ဆိုင််ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ််မ – ၂၅ဖြင့် စွဲချက်် တင်၊ မတင်် လာမည့်် ဇူလိုင်် (၂)ရက်် တွင်် အမိန် ့်ချမည် ဖြစ်ကြောင်း ၎င်း တို့၏ ရှေ့နေ ဦးအောင်ကြည််ဝင်း က ပြော သည််။
ရန် ကုန်မြို့၊ မရမ်းကုန်း မြို့နယ်် တရားရုံး၌ ယနေ့ (ဇွန် ၃၀ ရက်် )၌ နှစ်ဖက်် ရှေ့နေများ က အမှုနှင့်် ပတ််သက်် ၍ စွဲချက််တင််ရန််သင့်် ၊ မ သင့် လျှောက််လဲ ချက်် တင်ပြခဲ့ ကြ သည််။

အဆိုပါ အမှု အား ဇွန်် (၈)ရက်် တွင်် မရမ်းကုန်း မြို့နယ်် တရားရုံး၌ စတင်် စစ်် ဆေးခဲ့ပြီး တရားလိုပြ သက်် သေ အဖြစ်် အဆိုတော်် မျိုးကြီး အပါအဝင် လူပုဂ္ဂိုလ်် (၁၂)ဦး အား စစ်ဆေး ခဲ့ သည််။ တရားလိုပြသက်သေများ ၏ ထွက််ဆို ချက်် အရ လူစုလူဝေးဖြင့် ဟောပြောကြောင်း မျက်မြင်် ကိုယ်တွေ့ မရှိသည်ကို တွေ့ရကြောင်း စောဒေးဗစ်လား၏ ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြီးခဲ့သည့် ဇွန် ၁၀ ရက်ရုံးချိန်းတွင် သတင်းမီဒီယာများကို ပြောကြားထားသည်။

ကနေဒါ နိုင််ငံသား ခံယူ ထားသူ ခရစ်် ယာန်် တရား ဟောဆရာ စောဒေးဗစ်် လားနှင့် ဦးဝေ ထွန်း(နဝရတ််) တို့ သည့်် ယခုနှစ် မတ််လ အတွင်း မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံး၌ ဧပြီလတွင် တရားစွဲဆိုခံ ထားရ ခြင်းဖြစ်် သည်် ။

crd:The standard Time