COVID 19 လူနာ တစ်ဦးလျှင် ဒေါ်လာ (၂၃၄၀) ကျသင့်မည့် ကုသဆေး remdesivir

ဆေးဝါး ကုမ္ပဏီ (Gilead Sciences)က ၎င်းတို့ ထုတ်လုပ် ထားသည့် COVID 19 ကုသ ဆေး remdesivir ကို ချမ်းသာ သော နိုင်ငံ များရှိ လူနာ တစ်ဦး လျှင် ဒေါ် လာ (၂၃၄၀) နှုန်းဖြင့် ရောင်းချ ပေးမည်ဖြစ် ကာ ယခု ထုတ်လုပ် ထားပြီး ဆေး အားလုံး ကို လာမည့် သုံးလ အတွင်း အမေရိကန်ပြည်ထောင်စု သို့ ပေးပို့ မည်ဖြစ်ကြောင်း ထုတ်ပြန် ထား သည်။ COVID 19 ကုသရာ တွင် remdisivir ဆေး သည် ထိရောက် မှုရှိနေသောကြောင့် ယင်းဆေးဝယ် လိုအားတက် လာမည်ဖြစ် သည်။ ယင်း ဆေးဖြင့် လူနာ အချို့ တွင် စမ်းသပ် ခဲ့ရာ နလန် ထချိန် ပိုမိုမြန် ဆန်ကြောင်း တွေ့ရှိခဲ့ ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ဂျပန် တို့၌ အရေးပေါ် အခြေအနေ တွင် အသုံးပြု ရန် ခွင့်ပြုချက် ရရှိခဲ့ သည် ။

အမေရိကန် ပြည်ထောင်စု ရှိ အာမခံ ရှိ သည့် လူနာများ အတွက် ငါးရက် ဆေးသွင်းရန် ဒေါ်လာ (၃၁၂၀) သို့မ ဟုတ် ဆေးဘူး ငယ် တစ် ဘူး လျှင် ဒေါ်လာ (၅၂၀)ကျသင့် မည်ဖြစ်ကြောင်း Gilead က ပြောဆို ခဲ့ သည်။ကုမ္ပဏီကရောင်းချသည့် ဈေးနှုန်းသည် သင့်တင့်ပြီး အမေရိကန်ပြည်ထောင်စု၌ လူနာတစ်ဦး ဆေးရုံမှ စောစောဆင်းရမှုကြောင့် ဒေါ်လာ ၁၂၀ဝ၀ ခန့်သက်သာမည်ကို ထည့်သွင်းစဉ်း စား သင့် ကြောင်း Gilead အမှုဆောင်အရာရှိ ဒယ်နီယယ် အိုဒေးကပြောဆိုခဲ့သည်။

ဆေး ထုတ်လုပ် ရေးတွင် အမေရိကန် အစိုးရ၏ ငွေကြေး အထောက် အပံ့ပါဝင်သောကြောင့် ဆေးတန်ဖိုး သည့် ယခုထက် ပိုမိုနည်းပါး သင့်ကြောင်း လူနာများအရေးလှုပ်ရှားနေသည့် Public Citizen က ပြောဆိုခဲ့သည်။Gilead က ယခုရောင်းချမည့် ဈေးနှုန်းသည် အများ ပြည်သူ အကျိုးစီးပွားရေးကို အလေးမထားကြောင်း ပြောင်ပြောင်တင်းတင်းထုတ်ဖော်လိုက်ခြင်းဖြစ်သည်ဟု Public Citizen ၏ အကြီးအကဲ တစ်ဦးဖြစ်သည့် ပီတာ မေဘာဒက်ကပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု ရှိ အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ရေး အဖွဲ့(FDA) က COVID-19 အရေးပေါ် လူနာများတွင် remdesivir ဆေးကို သုံးစွဲခွင့်ပေးလိုက် သည့် မေလ ကတည်းက ယင်းဆေးတန်ဖိုးနှင့် ပတ်သက် ၍ ငြင်းခုန်မှု များရှိခဲ့ သည် ။ Gilead သည် ကျန်းမာရေး အကျပ် အတည်း ကို အမြတ် ထုတ်သည်ဟု အထင်မခံ ရရန် ကြိုးပမ်း သင့်ကြောင်း ကျန်းမာရေး ပညာရှင် များ က သတိပေးခဲ့ သည်။

crd:The myanmar Time