ႏိုင္ ငံေတာ္ အတိုင္ပင္ခံ ရဲ႕ Mask ခ်ဳပ္ၿပိဳင္ပြဲ မွာ ရရွိတဲ့ဆု ကို ဒီေန႔မွာလက္ခံ ရယူခဲ့ တဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုး

ပ ရိသတ္ႀကီးေရ ဒီဇိုင္နာ မ်ိဳးမင္းစိုးက ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ Facebook Account ကေန (၂၀၂၀)ျပည့္ႏွစ္ ေမလအတြင္းက်င္းပျပဳလုပ္ခဲ့တဲ့ Covid -19 ကာကြယ္ ထိန္းခ်ဳပ္ေရးအိမ္တြင္းျဖစ္ပိတ္စႏွာေခါင္းစည္း (Mask ) ခ်ဳပ္လုပ္မႈၿပိဳင္ပြဲမွာ ျပည္သူ႔အႏွစ္သက္ဆုံး ဒုတိယဆုရရွိခဲ့တာကို ပရိသတ္ေတြသိရွိခဲ့ၿပီးသားျဖစ္မွာပါ။

ဒီေန႔ ဇူလိုင္လ (၁)မွာေတာ့ မ်ိဳးမင္းစိုးက ဆုကိုလက္ခံရယူခဲ့ၿပီး “ဝမ္းသာပီတိျဖစ္ရေသာအမွတ္တရေန႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ေပးအပ္ခ်ီးျမင့္ေသာ ျပည္သူအႏွစ္သက္ဆုံးဒုတိယဆု(maskဆု) လက္ဝယ္ရရွိေသာေန႔တေန႔ က်န္ေတာ့္ဘဝရဲ႕အထင္ကရမွတ္တိုင္မ်ားထဲမွေန႔ေလးတေန႔ ” လို႔ ဒီေန႔ေလးက သူ႔အတြက္ အမွတ္တရေန႔ရင္ေလးတစ္ေန႔ျဖစ္ေၾကာင္းသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပလာခဲ့ပါတယ္။

လုပ္ေဖာ္ကိုင္ဖက္ ညီအစ္ကို ေမာင္ႏွမေတြကလည္း ဒီဇိုင္နာမ်ိဳးမင္းစိုးအတြက္ ဂုဏ္ျပဳစကားေျပာဆိုေနခဲ့ၾကပါေသးတယ္။ ပရိသတ္ႀကီေတြလည္း ဒီေန႔မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ Mask ခ်ဳပ္ၿပိဳင္ပြဲမွာရရွိတဲ့ ဆုကို လက္ခံခဲ့တဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုးအတြက္ ဂုဏ္ျပဳစကားေလးေတြေျပာေပးခဲ့ၾကပါဦး ပရိသတ္ႀကီးေရ။

ေလးစားစြာျဖင့္ ခရစ္ဒက္ Chilli – CeleGabar
Source – Myo Min Soe

unicode

ပ ရိသတ်ကြီးရေ ဒီဇိုင်နာ မျိုးမင်းစိုးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook Account ကနေ (၂၀၂၀)ပြည့်နှစ် မေလအတွင်းကျင်းပပြုလုပ်ခဲ့တဲ့ Covid -19 ကာကွယ် ထိန်းချုပ်ရေးအိမ်တွင်းဖြစ်ပိတ်စနှာခေါင်းစည်း (Mask ) ချုပ်လုပ်မှုပြိုင်ပွဲမှာ ပြည်သူ့အနှစ်သက်ဆုံး ဒုတိယဆုရရှိခဲ့တာကို ပရိသတ်တွေသိရှိခဲ့ပြီးသားဖြစ်မှာပါ။

ဒီနေ့ ဇူလိုင်လ (၁)မှာတော့ မျိုးမင်းစိုးက ဆုကိုလက်ခံရယူခဲ့ပြီး “ဝမ်းသာပီတိဖြစ်ရသောအမှတ်တရနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပေးအပ်ချီးမြင့်သော ပြည်သူအနှစ်သက်ဆုံးဒုတိယဆု(maskဆု) လက်ဝယ်ရရှိသောနေ့တနေ့ ကျန်တော့်ဘဝရဲ့အထင်ကရမှတ်တိုင်များထဲမှနေ့လေးတနေ့ ” လို့ ဒီနေ့လေးက သူ့အတွက် အမှတ်တရနေ့ရင်လေးတစ်နေ့ဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမတွေကလည်း ဒီဇိုင်နာမျိုးမင်းစိုးအတွက် ဂုဏ်ပြုစကားပြောဆိုနေခဲ့ကြပါသေးတယ်။ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ Mask ချုပ်ပြိုင်ပွဲမှာရရှိတဲ့ ဆုကို လက်ခံခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုးအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

လေးစားစွာဖြင့် ခရစ်ဒက် Chilli – CeleGabar
Source – Myo Min Soe