COVID 19 ကြောင့် ရွှေ့ဆိုင်း ထားသော အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာလ တွင် ကျင်းပရန် စီစဉ်

ကမ္ဘာ့ ကပ်ရော ဂါ COVID 19 ကြောင့် ရွှေ့ဆိုင်း ထားရ သည့် အောင်လအန်ဆန် ၏ မစ်ဒယ်ဝိတ် တန်း ချန်ပီယံ ကာ ကွယ်ပွဲ ကို အောက်တို ဘာတွင် ပြန် လည် ကျင်းပ နိုင်ဖွယ် ရှိ ကြောင်း Asian MMA သတင်း ဌာန က ဖော်ပြ သည်။ ယခုနှစ် တွင် MMA (One Championship) ၏ ဝိတ် တန်း နှစ်ခု ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန် သည် မစ်ဒယ် ဝိတ်တန်း ချန် ပီယံကာကွယ် ပွဲအဖြစ် ရုရှားနိုင်ငံ သားဘစ်ဒက် ရှ်နှင့် ယှဉ်ပြိုင် ရန် စီစဉ်ထားသော် လည်း COVID 19 ကြောင့် နှစ် ကြိမ် တိုင် ရွှေ့ ဆိုင်း ထား ရ သည် ။

သို့ သော် (One Championship)သည် ကပ်ရော ဂါကြောင့် ရွှေ့ဆိုင်းခဲ့ သည့် MMA ပြိုင်ပွဲ များ ကို ဇူလိုင်လမှစတင်ကာ ပရိသတ် မပါဘဲ ကွင်းရုံပိတ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။COVID-19 ကပ်ရောဂါကာ လအတွင်း ပြန်လည်ကျင်းပမည့် MMA ပြိုင်ပွဲကို ဇူလိုင် ၃၁ ရက် တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ No Surrender အမည်ဖြင့် ပရိ သတ်မပါဘဲ ပြုလုပ်မည်ဖြစ် ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း One က ကြေညာခဲ့သည်။

ထို့ အပြင် One Championship သည် ဇူလိုင် မှ ဒီဇင် ဘာ တတိယ ပတ် အထိ MMA ပြိုင်ပွဲ ပေါင်း ၁၇ ပွဲကျင်းပရန် စီစဉ်ထား ပြီး အောင်လအန် ဆန်နှင့် ဘစ် ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်း ချန် ပီယံကာကွယ်ပွဲကို အောက်တို ဘာ ၂၅ ရက်တွင် ဂျပန်နိုင်ငံ၌ ပြု လုပ်ရန် စီစဉ် နေကြောင်း Asian MMA သတင်းဌာနက ဖော်ပြခဲ့ သည်။

အောင်လအန်ဆန် သည် (၂၀၁၉) အောက်တိုဘာ ၁၃ ရက် တွင် ဘရန်ဒန်ဗီရာနှင့် ထိုးသတ် ခဲ့သည့် ပွဲစဉ်အပြီး၌ လက်ရှိ ၂၀၂၀ ဇွန် လ အထိ ရှစ်လ ကျော် MMA ပြိုင်ပွဲ များနှင့် ဝေး ကွာ လျက် ရှိ သည် ။အောင်လသည် လက်ရှိတွင် ယင်းပြိုင်ပွဲအတွက် အမေရိကန် နိုင်ငံ ဖလော်ရီဒါရှိ Hard Rock 365 MMA လေ့ကျင့်ရေးစခန်း တွင် လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဘစ်ဒက်ရှ်သည် ထိုင်းနိုင်ငံရှိ Phuket Top Team လေ့ကျင့်ရေး စင်တာ၌ လေ့ကျင့်မှုများ ပြုလုပ် နေသည်။အောင်လအန်ဆန်သည် လက်ရှိတွင် MMA (One Champioship) လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သည်။

crd:7day news