Covid 19ကပ်ရောဂါ နဲ့ ကာလကြာရှည် ပြင်းပြင်း ထန်ထန်တိုက်ပွဲဝင်ရလိမ့်မည့်ဟု (WHO) သတိပေးလိုက်

ကမ္ဘာပေါ်က တချို့နိုင်ငံ တွေ အနေ နဲ့ Covid 19 ကပ်ရောဂါ ကို အမြစ်ပြတ်နှိမ် နင်းနိုင်မှာ မဟုတ် ဘဲ ကာလရှည် ပြင်းပြင်း ထန်ထန် တိုက်ပွဲဝင် ရမှာဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က သတိပေး ချက် ထုတ်ပြန် ခဲ့ပါတယ် ။

လက်ရှိ အချိန် အထိ ကမ္ဘာပေါ်က လူ (၁၀)သန်းခွဲလောက် အထိ Covid 19 ကပ်ရောဂါကူး စက်မှု ခံခဲ့ရ သလို သေဆုံး သူ   အရေ အတွက် ကလည်း (၅ သိန်းကျော် ရှိ လာခဲ့ ပါပြီ။ ဒီအချိန် မျိုးမှာ ရောဂါ ကာကွယ် ရေးနဲ့ စောင့်ကြည့် စစ်ဆေး ရေးလုပ်ငန်း စဉ် တွေ ကို စနစ် တကျ မလုပ်နိုင် တဲ့နိုင်ငံ တွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ပိုးဟာ ဆက်လက် ကူးစက်ပျံ့နှံ့နေဦးမှာဖြစ် ကြောင်း (WHO)က သတိပေး ခဲ့တာ ပါ။

(WHO)ရဲ့ ညွှန်ကြားရေးမှူး ချုပ် တီဒရော့စ် အဒါနွန်က “ဗိုင်းရပ် ကာကွယ် တားဆီးရေး လုပ်ငန်းစဉ် အားနည်းတဲ့ နိုင်ငံတွေ ဟာ ရှေ့ဆက် ပြီး ကာလရှည် တိုက်ပွဲဝင် ရဖို့ရှိနေပါတယ် ” လို့ ပြော ကြားခဲ့ တာပါ။

crd:The standard Time

unicode