WHO ၏ (Covid 19) ကပ်ဘေးကို ကိုင်တွယ် ဖြေရှင်းမှုများအား သုံးသပ်ရန်အတွက် လွတ်လပ်သော စုံစမ်းရေးအဖွဲ့ကို  ဖွဲ့စည်းလိုက်

ကိုရိုနာ ဗိုင်းရပ်စ် အကျပ် အတည်း ကို ကိုင် တွယ်ဖြေရှင်းမှုနှင့် ပတ် သက် ပြီး အမေရိကန် ၏ ဝေဖန်မှု ကို ရင်ဆိုင် နေ‌ရ သော ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) သည် ဗိုင်းရပ်စ် ကပ် ဘေး ကို တုံ့ပြန်မှု အား သုံးသပ် ရန် လွတ်လပ် သော စုံစမ်းစစ်ဆေးမှု ကို ဇူလိုင် (၉) တွင် စတင်ခဲ့ သည်။(Independent panel for Pandemic Preparedness and Response) အဖွဲ့ကို နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဟယ်လင် ကလက်နှင့် လိုက်ဘေးရီးယား သမ္မတဟောင်း အယ်လင်ဂျွန်ဆင်ဆာလိဖ် တို့က ဦးဆောင် မည်ဖြစ် သည်။

စုံစမ်း စစ်ဆေးမှု အရ ကမ္ဘာ သည် ဖြစ် စဉ် ၏ အမှန်တရား ကို နားလည် မည်ဖြစ်ကြောင်းနှင့် ပိုမို ကောင်းမွန် သော အနာဂတ် ကို တည်  ဆောက်ရန် ဖြေရှင်းမှုများဖြစ်လာမည်ဖြစ်ကြောင်း WHO ၏ဥက္ကဋ္ဌ တက်ဒရိုအန်ဒါနွန် ဂီဘရီရေ ဆု က ဂျီနီဗာရှိ WHO ရုံးချုပ် တွင် ပြောကြားခဲ့သည်။အမေရိကန်က အကြိမ်ကြိမ် တိုက်ခိုက်ပြောဆိုခဲ့ပြီးနောက် မေလက ကျင်းပခဲ့သော နှစ်ပတ်လည်ညီလာခံတွင် WHO အဖွဲ့ဝင်များသည် WHO ၏ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန် သဘောတူညီခဲ့သည်။

(WHO) သည် တရုတ် အစိုးရ၏ ရုပ်သေး ရုပ်ဖြစ်နေပြီး ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေး ကို ဖြစ်ကတတ် ဆန်း ဆောင်ရွက် ခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့် က စွပ်စွဲ ထား သည် ။ဥရောပသမဂ္ဂက ရေးဆွဲသော ဆုံးဖြတ်ချက်က သီးခြားလွတ်လပ်ပြီး ပြည့်စုံသော စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရန် တောင်းဆိုထားသည်။WHO ၏ ဆောင်ရွက်ချက် များကို စုံစမ်းစစ်ဆေးမှုက စစ်ဆေးမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနှင့် သက်ဆိုင်သော WHO ၏ အချိန်နှင့်ဆိုင်‌သော ဖြစ်စဉ်များကို စစ်ဆေးမည်ဟု ဆိုသည်။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးကို WHO ၏ ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက် ပြီး ဝေဖန်ခဲ့ သော ထရန့် က WHO  မှ အမေရိကန် ကို နုတ်ထွက်ရန် တရားဝင်ဆောင်ရွက်ခဲ့ပြီဖြစ်သည်။ပြည်သူ့ကျန်းမာရေးအကျိုးဆောင်များနှင့် ထရန့်၏ နိုင်ငံရေးအတိုက်အခံများက ယင်းနုတ်ထွက်မှုကို ဆန့်ကျင်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာအ သိုင်းအဝိုင်း ကြား ကွဲပြားနေမှုကို WHO ၏ ဥက္ကဋ္ဌ တက်ဒရိုက သတိပေးခဲ့ပြီး ထိုကွဲပြားမှုကို မပြင်ဆင်လျှင် ဆိုးရွားသော အကျိုးဆက် များ ရှိလာမည်ဟု သတိပေးခဲ့သည်။

“ကွဲပြားနေ တဲ့ ကမ္ဘာကြီး အနေနဲ့ ဒီကပ်ဘေး ကို ကျွန်တော်တို့ မအောင်နိုင်ပါဘူး။ ဒီကွဲပြားမှုတွေက ဗိုင်းရပ်စ်ကို ရှင် သန်ကြီး ထွားစေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ညီညွတ်ရင် အောင်နိုင်ပါလိမ့်မယ်” ဟု တက်ဒရိုက ပြောကြား ခဲ့သည်။တရုတ်နိုင်ငံတွင် ယမန်နှစ်နှောင်းပိုင်းက စတင်ပေါ်ထွက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ဇူလိုင် ၉ အထိ ကာလ အတွင်း ကမ္ဘာတစ်ဝန်းတွင် လူ ၅၅၀၀၀၀ ထက်မနည်း သေဆုံးစေခဲ့ပြီးဖြစ်သည်။

ကမ္ဘာ တစ်ဝန်း တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသူ (၁၂) သန်းကျော်ခဲ့ပြီးဖြစ်သည်။၂၀၁၄ ခုနှစ်က အီဘိုလာဗိုင်းရပ် စ် ကို WHO ၏ တုံ့ပြန်ဖြေရှင်းမှုသည်လည်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။ အီဘိုလာကြောင့် လူ ၁၁၀၀၀ ခန့် သေ ဆုံးခဲ့ပြီး အများစုသည် အနောက်အာဖရိက နိုင်ငံများဖြစ်သည့် ဂီနီအာ၊ လိုက်ဘေးရီးယားနှင့် ဆီရီရာ လီယွန်တို့မှဖြစ်သည်။

(WHO) ၏ ကိုရိုနာဗိုင်းရပ်စ်ကပ် ဘေးကိုင်တွယ်ဖြေရှင်းမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နောက်ဆုံးရ အခြေအနေ များကို လစဉ်အစီရင်ခံမည်ဖြစ်ပြီး နိုဝင်ဘာတွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင် ကြားဖြတ် အစီရင်ခံ စာ တင်သွင်းမည် ဖြစ် သည်။

crd:Eleven media