WHO ကထွက်လိုက်တဲ့ အမေရိကန် အတွက် အလျှော့ပေး စကား အရိပ်အမြွက် တရုတ်ပြောပြီ

အမေရိ ကန် နှင့် ပတ်သက်ပြီး အေ လျှာ့ပေး ဆောင်ရွက်မည့် အဓိပ္ပါယ် ဟု ယူ ဆနိုင်သော လုပ်ငန်းစဉ်သုံးခု ကို တရုတ်နို င်ငံခြားရေးဝန်ကြီး မစ္စတာဝ မ်ယီက ပြောဆိုလိုက်သည်။ တရုတ်သမ္မတ ရှီကျ င့်ဖျင် ၏ ထိပ်တန်းအကြံပေး တစ် ဦးလည်းဖြစ်သော မစ္စတာဝမ်ယီက တရုတ် – အမေရိကန် ဆက်ဆံရေးအား လမ်းေ ကြာင်းမှန်ပေါ် သို့ ပြန်လည်ရော က်ရှိစေရန် အတွက် အချက် ၃ ချက်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ် သည် ဟု ပြော ဆိုသည် ။

”ပထမအချက် ကတော့ ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ အားလုံး ကို စတင်ပြီး အကောင် အထည်ဖော်ရ ပါမယ်” ဟု ဝမ်ယီက ဆိုသည် ။ လက်ရှိတွင် WHO နှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်တို့ အကြား တွင် ဆက်ဆံရေး တင်းမာမှုများရှိနေသော် လည်း နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်များ ဆောင်ရွက်ရန် အတွက် တရုတ်ဘက်မှ တံခါးဖွင့်ထားပြီးဖြစ်သည် ဟု နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။ အမေရိကန်နိုင်ငံဘက်မှ ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်အား မီးစိမ်းပြပြီဆိုသည်နှင့် တစ်ပြိုင်နက် တရုတ်နိုင်ငံအနေ ကဏ္ဍအားလုံး အပေါ်တွင် ဆွေးနွေးသွားမည်ဖြစ် ကာ ကဏ္ဍ တစ်ခုချင်းစီ ကိုလည်း အသေးစိတ် ဆောင်ရွက်ရန် အစီအစဉ်များ ရှိနေသည် ဟု သိရသည်။

အမေရိကန်အနေဖြင့် တရုတ်နှင့် ပတ်သက်ပြီး နိုင်ငံခြားရေး၊ စီးပွားရေးနှင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကဏ္ဍများအပေါ်တွင် ကန့်သတ် ပိတ်ဆို့မှုများ မရှိသမျှ ကာလပတ်လုံး တရုတ်အနေဖြင့် ဆွေးနွေးမှု စတင်ရန် အဆင်သင့်ရှိနေသည် ဟုလည်း Xinhua သတင်းဌာနက ဖော်ပြသည်။ ”ဒုတိယအချက်ကတော့ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုဆိုင်ရာကိစ္စတွေကို သဘောတူညီချက်တွေ ချမှတ်ဖို့ နဲ့ ပြန်လည်သုံးသပ်ဖို့ပဲ ဖြစ် ပါတယ်” ဟု မစ္စတာဝမ်ယီ က ဆိုသည် ။

တရုတ်နိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကင်းစင်သွားသည့် ကာလတွင် တရုတ်အစိုးရ၏ ဦးစားပေးလုပ်ငန်းမှာ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည် ဟုလည်း သိရသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ပတ်သက်ပြီး တရုတ်ပါရဂူများ၊ သမားတော်ကြီးများ တွင် အတွေ့ အကြုံကောင်းများ ရှိနေသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း က အကျိုးရှိစေနိုင်သည် ဟုလည်း တရုတ်အစိုးရဘက် မှ ယုံကြည်ထား သည်။

”တတိယ အချက် ကတော့ ကိုဗစ် – ၁၉ ကာကွ ယ်ဆေး အတွက်ပေါ့။ ရော ဂါ ရှာဖွေရေးနဲ့ ကုထုံးဆိုင်ရာ ကိစ္စတွေမှာ ကျွန်တော် တို့ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့အတူ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သ င့်ပါပဲ ။ ကာကွယ်ဆေး ရရှိဖို့ နဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက် သွားရ တဲ့ စီးပွားရေးကို လည်း ပြန်လည် ဦးမော့လာစေဖို့ပေါ့” ဟု မစ္စတာဝမ်ယီ က ပြော ဆို သွား ခဲ့သည်။သို့သော် လက်ရှိတွင် အမေရိ ကန်ကမူ ဟောင်ေ ကာင်အရေးကြောင့် တရုတ် အစိုးရအပေါ် ဆက်တိုက် ဆိုသလို ဝေဖန်မှုများ ပြုလုပ်လျက် ရှိနေ သည် ။