COVID 19 ပျံ့နှံ့မှုသည် အပူချိန်ကျဆင်းခြင်းနှင့်အတူ ဆောင်းရာသီတွင်  ပိုမိုများလာနိုင်ကြောင်း အိန္ဒိယ ကျွမ်းကျင် သူများက  လေ့လာတွေ့ရှိ

အိန္ဒိယ နိုင်ငံ မှ ကျွမ်းကျင် သူ များ က နိုင်ငံ တစ်နိုင်ငံစီ ၏ အပူချိန် နှင့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရမှုနှုန်း ကို နှိုင်း ယှဉ် လေ့လာ ရာတွင် ပိုအေးသော နိုင်ငံ များ တွင် အစဉ် သဖြင့် ပိုကြီးမား သော ရောဂါ ပျံ့နှံ့မှု များ ဖြစ်ပေါ် ကြောင်း လေ့လာ တွေ့ရှိ သည် ။ယင်းတွေ့ရှိချက်ကြောင့် နွေရာသီကာလသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေး အကောင်း ဆုံး အ ချိန်ဖြစ် သည်ဟု သုတေသီများက ပြောကြားသည်။

ကမ္ဘာ့ မြောက်ပိုင်း နိုင်ငံ များတွင် ယခုနှစ်နှောင်း ပိုင်း ဆောင်းရာသီ သို့ ဝင်ရောက် မည်ဖြစ် သောကြောင့် ဗိုင်း ရပ်စ် ပျံ့နှံ့မှု အတွက် အထူး သတိရှိရန် လိုအပ်ကြောင်း သုတေသီ များက သတိပေး ထားသည် ။ မတ်လမှ ဧပြီလအတွင်း ကောက် ယူခဲ့သော အချက်အလက်များဖြင့် အိန္ဒိယနိုင်ငံ ရာဂျက်စန်ဗဟိုတက္ကသိုလ်နှင့် ဘာနာရက်စ် ဟိန္ဒူ တက္ကသိုလ် တို့ က လေ့လာရာတွင် ပူနွေးသောရာသီဥတုများရှိရာ ဒေသများတွင် ရောဂါပျံ့နှံ့မှု မကြီးမားကြောင်း တွေ့ရှိ ခဲ့ သည်။

သို့ သော် ယခု လေ့လာ မှု က အေး သော ရာသီ ဥတုကြောင့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် မှု ပိုများရ သော အကြောင်း ရင်း ကို ဖော်ပြ ထားခြင်းမရှိ ပေ။ ကမ္ဘာ တစ်ဝန်း ရောဂါ ကူးစက် သူ ပိုများ လာပြီး သေဆုံးသူ အလျင် အမြန်တိုး မလာ သော် လည်း ယခုလလယ်ပိုင်းတွင် အခြေအနေ ပိုဆိုးလာ နိုင်ကြောင်း အမေရိကန် ပညာရှင် များက ခန့် မှန်း ထား သည် ။

crd:7day news