၂၀၂၁ခုနှစ်တွင်ဒေါ် လာ ၁၆သန်း တန် မြန်မာ့ပထ မဆုံး ဂြိုလ်တု ကို ဂျပန်အကူအ ညီနဲ့ လွှတ်တင်နိုင်တော့မည်

ဂြိုလ်တုကို ဂျပန်နိုင်ငံမှာတည်ဆောက်နေပြီး ဂျပန်နိုင်ငံဘက်ကနေပဲလွှတ်တင်မှာ ဖြစ်ပါတယ်။ဂြိုလ်တုကို ဂျပန်နိုင်ငံမှာတည်ဆောက်နေပြီး ဂျပန်နိုင်ငံဘက်ကနေပဲလွှတ်တင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအကူအညီနဲ့ လာမယ့် ၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂြိုလ်တုကို လွှတ်တင်နိုင်ဖို့ လုပ်ဆောင် နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီး ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက အတည်ပြုပြောပါတယ်။

“ဂျပန်အကူအညီနဲ့ အနိမ့်ပျံ ဂြိုလ်တု လွှတ်တင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။၂၀၂၁ခုနှစ်ထဲမှာ လွှတ်တင်နိုင်ဖို့ ကြိုးစားနေတယ်။ လက်ရှိမှာတော့ ဂျပန်နိုင်ငံဘက်မှာပဲ တည်ဆောက်နေပြီး သူတို့ဘက်ခြမ်းကနေ လွှတ်တင်ပေးဖို့ ရှိပါတယ်။”လို့ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။အခုလွှတ်တင်မယ့် ဂြိုလ်တုက မြန်မာ့ပထမဆုံး ဂြိုလ်တုဖြစ်သလို ယခင် နိုင်ငံတကာ ဂြိုလ်တုတွေကနေ အခကြေးငွေအသုံးပြုပြီး ယူဆောင်နေရတဲ့ ပြန်ကြားရေးပိုင်းနဲ့ အခြားသတင်းအချက်အလက် နည်းပညာပိုင်း တွေကိုလည်း ကိုယ်ပိုင်ဂြိုလ်တုရှိလာပြီ ဖြစ်တဲ့အတွက် ကိုယ်ပိုင် အသုံးပြုနိုင်တော့မှာလည်းဖြစ်ပါတယ်။

အခုလွှတ်တင်မယ့် ဂြိုဟ်တုဟာ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှု မြှင့်တင်ရန်အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဘေးကာကွယ်ရေးနှင့် ပျက်စီးမှုတွေ လျှော့ချရေး အတွက် ဖြစ်သလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုစောင့်ကြည့်ရေး တို့အတွက်လည်းဖြစ်ကြောင်း ဂျပန်သတင်းဌာန NIKKEI သတင်းဌာနက ဖော်ပြထားပါသေးတယ်။“အခု လွှတ်တင်မယ့်ဂြိုလ်တုက ကျွန်တော်တို့ နိုင်ငံပိုင်ဖြစ်သွားတဲ့အတွက် ဒီဂြိုလ်တုကနေ အသုံးပြုမယ့် ဝန်ဆောင်မှု လုပ်ငန်းတွေကို အရင် သူများဆီငှားပြီး အသုံးပြုနေတာတွေကို လွှဲပြီး ကိုယ်ပိုင်အနေနဲ့ သုံးလို့ ရသွားပြီဆိုတဲ့ သဘောပါ။ကိုယ်ကနေ အခြားနိုင်ငံတွေကို ပြန်ငှားလို့လည်းရပြီး ဝင်ငွေပြန်ရနိုင်မယ့် အခွင့်အလမ်းလည်း ရှိလာမှာပါ။”လို့ ဦးချမ်းအေးက ဆက်လက်ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ကျောင်းသား ၇ဦးကိုလည်း ဂြိုလ်တု ဆောက်လုပ်‌ရေးမှာ လေ့လာပြီး ကိုယ်ပိုင် ထုတ်လွှတ်နိုင်ဖို့အတွက် ၅နှစ်စီမံကိန်းနဲ့ ဂျပန်နိုင်ငံသို့ပို့ဆောင်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ဂယက်ကြောင့် မပို့ဆောင်နိုင်သေးဘူးလို့လည်းသိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်အထိ အခြားနိုင်ငံတွေက လွှတ်တင်ထားတဲ့ ဂြိုလ်တုတွေ ငှားယူ သုံးစွဲနေရ ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုလ်တု အဖြစ် Myanmar Sat 2 လို့ခေါ်တဲ့ Intelsat အမည်ရ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ပြင်သစ် ဂီယာနာကနေ လွှတ်တင်ခဲ့ဖူးပြီး မြန်မာအနေနဲ့ နိုင်ငံတွင်း ဝန်ဆောင်မှုအတွက် ဂြိုဟ်တုရဲ့ လုပ်ငန်းဆောင်ရွက်ချက် အစိတ်အပိုင်းအဖြစ် သုံးခွင့်ရထားတယ်လို့သိရပါတယ်။ယခုဂျပန်အကူအညီနဲ့ လွှတ်တင်မယ့် ဂြိုလ်တုရဲ့ တည်ဆောက်ရေးနှင့် လွှတ်တင်ရေး ကုန်ကျစရိတ်အဖြစ် ယန်း ၁.၇ ဘီလီယံ(ဒေါ်လာ ၁၆သန်း)ကုန်ကျမှာ ဖြစ်ပြီး ကုန်ကျငွေ မြန်မာနိုင်ငံဘက်က ကျခံရမှာဖြစ်တယ်လို့လည်း ဂျပန်သတင်းဌာန NIKKEI မှာ ဖော်ပြထားတာတွေ့ရပါတယ်။

Credit Duwun