အသက် ကယ်ဆေး (၁၆) လုံး က ဦးမန်း ဝင်း ကို မကယ်နိုင်ခဲ့ ဘူး ပြန်နိုးလာ မယ် ထင်ပြီး စောင့်နေခဲ့မိတယ်လို့ ၀မ်းနည်းစွာပြောပြလာတဲ့ ဇနီးသည်





unicode

ဒီ ကနေ့ ၊ ဇူလိုင် (၁၃) ရက်နေ့၊ နံနက် (၆) နာရီခွဲခန့် က ကွယ်လွန် သွားခဲ့တဲ့ ဝါရင့် ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးမန်းဝင်း (အသက် ၇၈ နှစ်) အတွက် ရည်စူးပြီး ကျန်ရစ်သူ မိသားစုက သက်ပျောက် တရားနာ အလှူကို ဒီကနေ့မှာပဲ ပြုလုပ်ပေးခဲ့ပါတယ်။

လာမယ့် ဇူလိုင်လ (၁၅) ရက်နေ့ မှာ ကျီစုသုသာန် သို့ ဦးမန်းဝင်း ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင် မီးသဂြိုလ် သွားမယ် လို့ သိရပါတယ်။

“ဒီကနေ့ မနက် (၅) နာရီ (၅၀) မိနစ် က စပြီး ဦးမန်းဝင်း ရဲ့ အသက်ရှူနှုန်း က ကျလာခဲ့တာပါ။ အရင်က အခုလို ဖြစ်ပြီး ပြန်နိုးလာတတ်တော့ အခုလည်း ပြန်နိုးလာမယ် ထင်ပြီး….. စောင့်နေ ခဲ့မိတယ်။ နောက်ဆုံးတော့ သူ့ကို လက်လွှတ်လိုက်ရတယ်” လို့ ခင်ပွန်းသည် ဦးမန်းဝင်း အတွက် ဇနီး ဒေါ်ခင်အေးကြူ က ဝမ်းနည်းစကား ပြောခဲ့ပါတယ်။မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်

Credit Myanmar Celebrity TV