ရုရှားက စမ်းသပ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း (၃၀) ထုတ်လုပ်မည်
စမ်းသပ် Covid 19 ကာကွယ် ဆေး အ ရေ အတွက် သန်း (၃၀)ကို အခုနှစ် အတွင်း ပြည်တွင်း မှာ ထုတ်လုပ် ဖို့ စီစဉ် ထားတယ် လို့ ရုရှား ဓနရန်ပုံငွေ အဖွဲ့အကြီး အကဲ က ရိုက်တာကို  ပြောပါ တယ်။ ပထမဆုံး အကြိမ် လူသားနဲ့ ကာကွယ် ဆေးစမ်းသပ်မှု ဟာ ဒီ သီတင်းပတ် မှာပဲ ပြီးဆုံး ခဲ့ပြီး စမ်းသပ် ကာကွယ်ဆေး ဟာ သုံးစွဲ ဖို့ ဘေးကင်း လုံခြုံတယ် လို့ သုတေသီ တွေက ကောက်ချက် ချ ပါတယ် ။
ကာကွယ် ဆေး ဟာ ကိုယ်ခံအား တုံ့ပြန်မှု ကို ဖြစ်ပေါ် စေပြီး တုံ့ပြန်မှု အားနဲ့ ပတ်သက် လို့ ရှင်းရှင်း လင်းလင်း မသိရ သေးပါ ဘူး။ လူပေါင်း ထောင်ချီပါဝင်တဲ့ ကာကွယ်ဆေးအဆင့် ၃ စမ်းသပ်မှုကို သြဂုတ်လမှာ စတင်သွားမယ်လို့ ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (RDIF)အကြီးအကဲက ပြောပါတယ်။
crd:dvb news
unicode
စမ်းသပ်် Covid 19 ကာကွယ်် ဆေး အ ရေ အတွက် သန်း (၃၀)ကို အခုနှစ်် အတွင်း ပြည်တွင်း မှာ ထုတ််လုပ်် ဖို့ စီစဉ် ထားတယ်် လို့ ရုရှား ဓနရန်ပုံငွေ အဖွဲ့အကြီး အကဲ က ရိုက််တာကို ပြောပါ တယ််။ ပထမဆုံး အကြိမ် လူသားနဲ့ ကာကွယ်် ဆေးစမ်းသပ််မှု ဟာ ဒီ သီတင်းပတ်် မှာပဲ ပြီးဆုံး ခဲ့ပြီး စမ်းသပ်် ကာကွယ်ဆေး ဟာ သုံးစွဲ ဖို့ ဘေးကင်း လုံခြုံတယ်် လို့ သုတေသီ တွေက ကောက်ချက်် ချ ပါတယ်် ။
ကာကွယ်် ဆေး ဟာ ကိုယ်ခံအား တုံ့ပြန််မှု ကို ဖြစ်ပေါ် စေပြီး တုံ့ပြန်မှု အားနဲ့ ပတ််သက်် လို့ ရှင်းရှင်း လင်းလင်း မသိရ သေးပါ ဘူး။ လူပေါင်း ထောင််ချီပါဝင်တဲ့ ကာကွယ်ဆေးအဆင့် ၃ စမ်းသပ်မှုကို သြဂုတ်လမှာ စတင်သွားမယ်လို့ ရုရှား တိုက််ရိုက်် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (RDIF)အကြီးအကဲက ပြောပါတယ်။
လောလော ဆယ် ကမ္ဘာ တဝန်း Covid 19 ကာကွယ်ဆေးပေါင်း ၁၀၀ ကျော်ကို စမ်းသပ်နေပါတယ်။ အဲဒီထဲက နှစ်မျိုးဟာ နောက်ဆုံး အဆင့် (၃) လူသားနဲ့စမ်းသပ်တဲ့ အဆင့်ကို ရောက်နေပြီလို့ လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အချက်အလက်တွေ အရ သိရပါတယ်။ တစ်မျိုးကတော့ တရုတ်ရဲ့ဆိုင်နိုဖမ်းကုမ္ပဏီကဖြစ်ပြီး နောက်တစ်မျိုးကတော့ အက််စ်် ထရာ ဇန်နီကာဆေးကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရိုက်တာက ရေးပါ တယ််။
crd:dvb news