ကို ဗစ်ကာလ ဘား ၊ နိုက်ကလပ် နဲ့ ကေတီဗီများ ဖွင့်ပါက ထိရောက်စွာအရေးယူ မည် ဟု ကိုဗစ်ကော်မတီ အမိန့်ထုတ်

ဘား ၊ နိုက်ကလပ် နှင့် ကေတီဗီများ ဖွင့်လှစ် ပါ က ထိရောက်စွာ အရေးယူ မည် ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် ကိုဗစ် ကော်မတီ အမိန့်ထုတ် ဟို တယ် များနှင့် သီးခြားနေရာ များ တွင် ခိုးဖွင့်နေကြ သည့် ဘား၊ နိုက်ကလပ် ၊ကေတီဗွီများ ကို အရေး ယူသွား ရန် ကိုဗစ်ထိန်းချုပ် ကုသကာကွယ်ရေး ဗဟိုကော်မတီ မှ သက်ဆိုင်ရာဒေသ အသီးသီး ကို တိုက်ရိုက်ညွှန်ကြား လိုက်သည် ဟု သိရ ပါ တယ်။

ကိုဗစ် ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းကော်မတီ၏ တွဲဖက်အတွင်းရေးမှူး(၂) နိုင်ငံတော်သမ္မတရုံး အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်း က နေပြည်တော် ကောင်စီ အပါ အဝင် တိုင်း၊ပြည်နယ် အသီးသီး သို့ ညွှန်ကြားချက်ပေး ပို့ လိုက်ခြင်းဖြစ် ပါတယ် ။

ညွှန်ကြား ချက်ထဲ နေပြည်တော် ကောင်စီ ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ တွင် ဟိုတယ်များနှင့် သီးခြားနေရာများရှိ ဘား၊ နိုက်ကလပ်နှင့် ကေတီဗီများကို ခွင့်ပြုထားခြင်းမရှိဘဲ ဖွင့်လှစ်လျက် ရှိ ကြောင်း (၁၃-၇-၂၀၂၀)ရက်နေ့တွင် ကျင်းပပြု လုပ်သည့် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး သို့ တင်ပြခဲ့ကြောင်း ၊

အဆိုပါနေရာများ သည် ကိုဗစ် ရောဂါ ကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများ ဖြစ်သည့် အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ ရှိ ဟိုတယ် များနှင့် သီးခြားနေရာများ တွင် ဘား၊ နိုက်ကလပ်နှင့် ကေတီဗီများ ဖွင့်လှစ်ခြင်းအား ခွင့်မပြုရန်နှင့် သတ်မှတ်ညွှန်ကြား ချက်အား လိုက်နာမှုရှိစေရေး သက်ဆိုင်ရာ တာဝန် ရှိသူများ မှ စစ်ဆေးကြပ်မတ် သွားရန်၊ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူသွားရန် လမ်းညွှန်မှု အရ အကြောင်းကြား ပါသည် ဟု ဖော်ပြပါရှိသည်ကိုတွေ့ရ ပါတယ် ။

“ခိုးဖွင့်နေကြတာတွေ ရှိနေ ပါတယ် ။ ဒီတော့ မဖွင့် နဲ့ဆိုတာ ကို လိုက်နာပြီး ပိတ်ထားတဲ့ ဆိုင်တွေနစ်နာပါတယ်။နောက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်လည်း လိုအပ်တဲ့အတွက် ကျွန်တော် တို့ကတော့ ခရိုင် အသီးသီး ကို ညွှန်ကြားလိုက် ပါပြီ ။အရေးယူဖို့ ကို ” ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း က ပြော ပါ တယ် ။

စစ် ကိုင်တိုင်း အစိုးရအဖွဲ့ မှ ပြောခွင့်ရ ဝန်ကြီး ဦးမိုးကျော်သူ ကလည်း ၎င်းတို့ တိုင်း အတွင်း ဖမ်းဆီးအရေး ယူမှုများ ရှိနေကြောင်းနှင့် ရွှေဘိုတွင် ၁ခု ၊မုံရွာ တွင် ၁ခု စုစုပေါင်း ၂ခုရှိနေပြီ လို့ ပြော ပါ တယ်